၂၀၂၁ အထိစာချုပ်သစ်ကို ဂွာဒီယိုလာလက်မှတ်ထိုး

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာအသင်းနဲ့ ၂ နှစ် စာချုပ်သစ်ကို လက်မှတ်ရေးထိုးလိုက်လို့ ၂၀၂၁ အထိ ဆက်ရှိနေတော့မယ်လို့ သိရပါတယ်။

၂၀၁၆ နွေရာသီကမန်စီးတီးကို ၃ နှစ်စာချုပ်နဲ့ ရောက်လာတဲ့ ဂွာဒီယိုလာဟာ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မန်စီးတီးကို အကောင်းဆုံး တည်ဆောက်ပေးနိုင်ခဲ့တာကြောင့် သူ့ကို စာချုပ်သစ် ချုပ်ဖို့ ကလပ်ဘက် ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ကြာသပတေးနေ့က ၂ နှစ်စာချုပ်ကို လက်မှတ်ထိုးခဲ့တာပါ။ ဒီလိုစာချုပ်သစ် ချုပ်ဖို့အတွက် ဖေဖေါ်ဝါရီလကတည်းက သဘောတူထားတာဖြစ်ပါတယ်။ စာချုပ်သစ်အရ ဂွာဒီယိုလာဟာ လက်ရှိလစာထက် တစ်နှ်စ်ကို ပေါင် ၄ သန်း ပိုရမှာဖြစ်ပြီး ပေါင်သန်း ၂၀ ရကာ သမိုင်းတစ်လျှောက် လစာအများဆုံးရသူ နည်းပြအဖြစ် ရပ်တည်နိုင်ပြီလို့လည်း သိရပါတယ်။ စာချုပ်သစ်အတွက် သူကျေနပ်ပြီး စိတ်လည်းလှုပ်ရှား ရတယ်လို့ ဂွာဒီယိုလာက ပြောပါတယ်။

90Minutes