ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ပါက လီဗာပူး ကစားသမားတိုင်း ယူရိုနှစ်သိန်း ဆုကြေးရမည်

မေလ ၂၆ ရက်တွင် ယူကရိန်းနိုင်ငံ ကိဗ်မြို့၌ ၂ နှစ်ဆက်ချန်ပီယံ ရီးရဲလ်နှင့် ရင်ဆိုင်ရမည့် ချန်ပီယံလိဂ် ဗိုလ်လု ပွဲတွင် လီဗာပူးအနိုင်ရပါက အသင်းသားတစ်ဦးလျှင် ဆုကြေးယူရိုနှစ်သိန်းစီ ရရှိမည်ဖြစ်သည်။

ရီးရဲလ်သည် ချန်ပီယံလိဂ်ဖလားကို သုံးကြိမ်ဆက်တိုက်ရယူနိုင်မည်ဟု မျှော်လင့်ကြောင်း ရီးရဲလ်အသင်း ခေါင်းဆောင် ရာမို့စ် က ပြောသည်။

ချန်ပီယံလိဂ်ဖလားကို သုံးနှစ်ဆက်တိုက်ရရှိခြင်းသည် အိပ်မက်တစ်ခုဟု ရာမို့စ်က ပြောပြီး သုံးကြိမ်ဆက်တိုက် ရရှိသော ချန်ပီယံလိဂ်ဖလားကို အိမ်ပြန်သယ်ယူနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းကပြောသည်။

ဆဋ္ဌမမြောက် ချန်ပီယံလိဂ်ဖလားရရှိရေး ကြိုးပမ်းနေသော လီဗာပူးအတွက် ကွာတားဖိုင်နယ်သို့ တက်ရောက် နိုင်ခဲ့သဖြင့် ဆုကြေးယူရို ၆ ဒသမ ၅ သန်း ရခဲ့ပြီး ဗိုလ်လုပွဲတွင် အနိုင်ရခဲ့ပါက ဆုငွေများစွာ ပိုမိုရမည်ဖြစ်သည်။

၂၀၀၇ ကတည်းက ဗိုလ်လုပွဲသို့ မတက်လှမ်းနိုင်ခဲ့သော ပရီးမီးယားလိဂ်ကလပ် လီဗာပူးသည် ရီးရဲလ်၏ အောင်မြင်မှုနှင့် နှိုင်းယှဉ်ပါက ကွာခြားနေသည်။

ရီးရဲလ်နည်းပြ ဇီဒန်းက ယင်းဖလားကို နှစ်ကြိမ်ဆက် တိုက်ယူထားကာ သုံးကြိမ်ဆက် ဗိုလ်စွဲရန် ပြင်ဆင်နေပြီး ၎င်းကိုင် တွယ်ခဲ့သည့် ဥရောပ ရှုံးထွက်အဆင့်တွင် တစ်ကြိမ်မျှ မရှုံးဖူးပေ။

ဂျူဗင်တပ်ကို ပြီးခဲ့သည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် နိုင်ပြီးနောက် ရီးရဲလ်က ကစားသမားများအား တစ်ဦးလျှင် ယူရိုနှစ် သန်းစီပေးခဲ့သည်။

ရီးရဲလ်သည် မိမိတို့ထက် များစွာအတွေ့အကြုံရှိသော အသင်းဖြစ်သော်လည်း လုံးဝအာရုံစိုက်၍ ရင် ဆိုင်မည်ဟု လီဗာပူး နည်းပြ ဂျာဂန်ကလော့ပ်က ပြောကြားထားသည်။

 —Ref:AS/sky