ပြင်ဦးလွင်ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး၌မီဒီယာသင်တန်းဖွင့်လှစ်

 

(၂.၁.၂၀၁၇)ရက်နေ့ နံနက်(၀၉း၀၀)အချိန်တွင် ပြင်ဦးလွင်ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး၌ Social Media အ​ခြေခံသင်တန်း (၁/၂၀၁၇)ဖွင့်လှစ်ရာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းကော်မတီဝင်များဖြစ်​ကြ​သော ဦးမျိုးမြင့်၊ ဦးစိုင်းအောင်ကြည်၊ ​ဦးတင့်လွင်ဦး၊ ပြင်ဦးလွင်ခရိုင်ဥက္ကဌ ဦးဝင်းကြည်နှင့်ခရိုင်ကော်မတီဝင်များ၊ ပြင်ဦးလွင်မြို့နယ် အတွင်းရေးမှူး၊ သင်​တန်းနည်းပြများ၊ သင်တန်းသားများတက်ရောက်ခဲ့ကြပြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးမှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး၏ နှစ်သစ်အကြိုနှုတ်ခွန်းဆက်စကား

 

၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့သည် ရုံးလုပ်ငန်းသုံးပြက္ခဒိန်တစ်နှစ်၏ နှစ်သစ်အစ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ရက်မြတ်တစ်ရက် ဖြစ်ပါသည်။
ကျွန်တော်တို့ပါတီဝင်များသည် နိုင်ငံတော်နှင့်ပြည်သူတို့၏အကျိုးအား ကျရာနေရာက သယ်ပိုးလိုသည့် မွန်မြတ်သော စိတ်ထားကို အခြေခံပြီး စေတနာအား၊ ပညာအား၊ စည်းလုံး ညီညွတ်မှုအင်အားဖြင့် ပြည်သူတို့နှင့်အတူ လက်တွဲဆောင်ရွက်ကြ ပါမည်။
နိုင်ငံနှင့်ပြည်သူတစ်ရပ်လုံးအတွက် အရေးကြီးကိစ္စရပ်များကိုဆွေးနွေးခြင်း၊ သုံးသပ်ခြင်းနှင့် စီမံခြင်းများပြုလုပ်ရာ၌ ပြည်တွင်းရှိ ပကတိအခြေအနေများ၊ ပကတိအရှိတရားများကို အခြေခံ စဉ်းစား၍ လက်တွေ့အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းစဉ်များဖြစ်အောင် ဆောင်ရွက်ကြပါမည်။

ကော့မှူးမြို့နယ်ပါတီနှင့် “ဖြိုးစေတနာ” နယ်လှည့် ဆေးကုသအဖွဲ့ ကျေးရွာအရောက် ကွင်းဆင်းကုသ

 

ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် ကော့မှူးပြည်ခိုင်ဖြိုးပါတီ နှင့် ‘ဖြိုးစေတနာ’ ဒေါက်တာ သိန်းဇော်မြင့် ဦးဆောင်သော ဆေးကုသရေးအဖွဲ့ (တွံတေး) တို့ပူးပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း ကော့မှူး မြို့နယ်အတွင်း သွားလာရခက်ခဲ သော ကျေးရွာများအရောက် ကျန်း မာရေးစောင့်ရှောက်ကုသပေးလျက် ရှိရာ ကော့မှူးအနောက်ခြမ်း ရေ ကျော်ကျေးရွာအုပ်စု ကျုံဖာကျေး ရွာပါတီခေါင်းဆောင်ဦးခင်တိုး၏ နေအိမ်၌ ဒီဇင်ဘာ (၃၁) ရက် နံနက် ၈နာရီမှစ၍ ၁၁ နာရီအထိ အနီးဝန်းကျင်ကျေး ရွာများဖြစ်သော ပျဉ်းကတိုးကျေး ရွာ၊ ကွမ်းခြံကုန်းလေးကျေးရွာ၊ ချောင်းဝကျေးရွာ၊ ရေကျော်ကျေး ရွာများမှ လူနာ (၁၅၅) ဦးကို ကုသပးခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးခေါင်းဆောင်သော အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ CPCပါတီ (Communist Party of China)၏ဖိတ်ကြားချက်အရ ဒီဇင်ဘာ (၂၇) ရက်မှ (၃၁) ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရာမှ ဒီဇင်ဘာ (၃၁) ရက်ညနေပိုင်းတွင် နေပြည်တော်လေဆိပ် သို့ ပြန်လည်ရောက်ရှိခဲ့သည်။

အင်းစိန်ပြည်ခိုင်ဖြိုးပါတီဝင် လူငယ်ထုနှင့် အမျိုးသမီးထုများအားတွေ့ဆုံပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်ထုနှင့်အမျိုး သမီးထုများ တွေ့ဆုံပွဲအခမ်းအနား ကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်ရုံးခန်း၌ကျင်းပသည်။

မိုးညှင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှဖွင့်လှစ်သော ဂီတသင်္ကေတသင်တန်းဆင်းပွဲကျင်းပ

 

ကချင်ပြည်နယ် မိုးညှင်းမြို့ နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ် သော ဂီတသင်္ကေတအမှတ်စဉ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက် ညနေ ၄နာရီ တွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟို ကော်မတီဝင်ဦးကျော်စိုးလေး၊ မိုး ညှင်းခရိုင် ပြည်ခိုင်ဖြိုးပါတီရေးရာ တာဝန်ခံဦးကျော်ဌေးလှိုင်၊လူငယ် ရေးရာတာဝန်ခံဦးအောင်မိုး၊သင်တန်း နည်းပြဆရာဦးစောငြိမ်းချမ်း(Steel Snake Bank)နှင့် သင်တန်းသား များတက်ရောက်ကြသည်။

ကော့မှူးပြည်ခိုင်ဖြိုးပါတီ ကျေးရွာများအရောက် Social Media အခြေခံသင်တန်းဖွင့်လှစ်

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ ကော့မှူးမြို့နယ်အနောက်ခြမ်း တိုက်နယ် ပျဉ်းကတိုးကျေးရွာအုပ်စု အိုးဘိုကျေးရွာ ပါတီခေါင်းဆောင်ဦးတင်ဝင်း၏နေအိမ်၌ှSocial Media အခြေခံသင်တန်းကို ဒီဇင်ဘာ (၃၁) ရက် နံနက် ၈ နာရီက ဖွင့်လှစ်ခဲ့ရာ ဝါသနာပါစိတ်ဝင်စားကြသူ အနီး ဝန်းကျင်ကျေးရွာများမှ ကျား ၁၁ ဦး၊ မ ခြောက်ဦး စုစုပေါင်း သင်တန်းသား သင်တန်းသူ ၁၇ ဦး တက်ရောက်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နှစ်သစ်ကူးမိတ်ဆုံစားပွဲကျင်းပ

 

ပဲခူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ဒီဇင်ဘာ ၃၁ရက် ညနေ ၆နာရီက ၂ဝ၁၆ခုနှစ် နှစ်ဟောင်းမှ ၂ဝ၁၇ ခုနှစ်သို့ မကြာမီရောက်ရှိတော့မည့် နှစ်သစ် ကြိုဆိုခြင်းအထိမ်းအမှတ် အနေဖြင့် ပါတီဝင်များစုပေါင်းကာ နှစ်သစ်ကူး မိတ်ဆုံစားပွဲကျင်းပ ခဲ့သည်။

ရေတာရှည်မြို့နယ်ပါတီ အမျိုးသမီး၊ လူငယ်ရေးရာတွေ့ဆုံပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် အမျိုးသမီးရေးရာနှင့် လူငယ်ရေးရာတွေ့ဆုံပွဲကို ဒီဇင်ဘာ (၃၀) ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းလူငယ်ရေးရာ တာဝန်ခံ၊ တောင်ငူခရိုင် အတွင်းရေးမှူး၊ တောင်ငူခရိုင်အမျိုးသမီးနှင့် လူငယ်ရေးရာတာဝန်ခံ၊ ရေတာရှည်မြို့နယ် ပါတီဥက္ကဋ္ဌနှင့် အမျိုးသမီးရေးရာတာဝန်ခံ၊ လူငယ်ရေးရာ တာဝန်ခံ တို့က ဖွဲ့စည်းရေး၊ လုပ်ငန်းများဆောင်ရွက်ရေးတို့အတွက် ဆွေးနွေး ပြောကြားခဲ့ကြကြောင်း သိရသည်။

မိတ္ထီလာခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး၌မီဒီယာသင်တန်းဖွင့်လှစ်

 

(၃၀.၁၂.၂၀၁၆)ရက်နေ့ နံနက်(၀၉း၀၀)အချိန်တွင် မိတ္ထီလာခရို င်ပြည်ခိုင်ဖြိုးပါတီရုံး၌ Social Media အ​ခြေခံသင်တန်းဖွင့်လှစ်ရာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဦးအောင်ကျော်မိုး၊ တိုင်းကော်မတီဝင်များဖြစ်​ကြ​သော ဦးမိုးမြင့်​သိန်း၊ ဦးအောင်နိုင်ဦး၊ ​ဒေါ်သန်းသန်း​အေး၊ မိတ္ထီလာခရိုင်ဥက္ကဌနှင့် ခရိုင်ကော်မတီဝင်များ၊ ​ရမည်းသင်းခရိုင်​ဥက္ကဌနှင့်​ခရိုင်​​ကော်​မတီဝင်​များ၊ မိတ္ထီလာခရိုင်​နှင့်​ ရမည်းသင်းခရိုင်​တို့အတွင်းရှိမြို့နယ်​များမှဥက္ကဌများ၊ သင်​တန်းနည်းပြများ၊ သင်တန်းသားများတက်ရောက်ခဲ့ကြပြီး တိုင်းပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုးမှအဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။