ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နှစ်သစ်ကူးမိတ်ဆုံစားပွဲကျင်းပ

 

ပဲခူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ဒီဇင်ဘာ ၃၁ရက် ညနေ ၆နာရီက ၂ဝ၁၆ခုနှစ် နှစ်ဟောင်းမှ ၂ဝ၁၇ ခုနှစ်သို့ မကြာမီရောက်ရှိတော့မည့် နှစ်သစ် ကြိုဆိုခြင်းအထိမ်းအမှတ် အနေဖြင့် ပါတီဝင်များစုပေါင်းကာ နှစ်သစ်ကူး မိတ်ဆုံစားပွဲကျင်းပ ခဲ့သည်။

ရှေးဦးစွာ ပဲခူးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးဝင်းမြင့်အောင်က နှုတ်ခွန်း ဆက်စကားပြောကြားပြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအလုပ်မှုဆောင် ပဲခူးတိုင်း ဒေသကြီးဥက္ကဋ္ဌ ဦးစောမော်ထွန်း၊ တိုင်းဒေသကြီး ကော်မတီဝင် ဦးရဲမြင့်ထွန်း၊ ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးအောင်စိုးနှင့် ပဲခူး မြို့နယ်အတွင်းရေးမှူး ဦးမင်းခန့် ကျော်တို့က နှစ်သစ်ဆုတောင်း စကားများ ပြောကြားသည်။
ထို့နောက် ပဲခူးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အလုပ်အမှုဆောင် ဦးအောင်ဖြိုး ကျော်က နှစ်သစ်ကူးမိတ်ဆုံစားပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်း လင်းပြောကြားပြီး တက်ရောက် လာကြသော ရပ်ကွက်၊ ကျေးရွာ များမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီစည်းရုံးရေးမှူးများ၊ အမှုဆောင်အဖွဲ့များနှင့်ပါတီဝင်များ အား ညစာဖြင့်တည့်ခင်းဧည့်ခံကာ ကံစမ်းမဲများနှိုက်ပေးကြသည်။
မကြာမီရောက်ရှိလာတော့မည် ၂ဝ၁၇ခုနှစ် နှစ်သစ်တွင် ပါတီဝင် များအားလုံး လူသစ်စိတ်သစ်ဖြင့် နိုင်ငံ့အကျိုး၊အမျိုးဘာသာသာသနာ အကျိုး၊ပြည်သူ့အကျိုး၊ပါတီအကျိုး များကို စွမ်းစွမ်းတမံဆောင်ရွက် ပေးနိုင်သော ပါတီဝင်များဖြစ်လာ စေရန်၊ အပေါ်မှအောက်ခြေအထိ ဟန်ချက်ညီစွာ၊စည်းလုံးညီညွတ်စွာ ကောင်းတူဆိုးဖက်ပူးပေါင်းဆောင် ရွက်နိုင်ကြရန်၊ ပါတီဝင်တိုင်း အောင်မြင်လိုသည့်စိတ်၊ အနိုင်ရရှိ လိုသည့်စိတ် အမြဲတမ်းထားရှိရန်၊ ပါတီဝင်များသာမက ပြည်သူများ ၏ စီးပွားရေး၊လူမှုရေး၊ပညာရေး၊ ကျန်းမာရေးစသည့်ကိစ္စရပ်များကို အလေးထားဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မိတ်ဆုံစားပွဲကျင်းပ ရခြင်းဖြစ်ကြောင်း သိရသည်။

တင်စိုး(ပဲခူး)