ကော့မှူးပြည်ခိုင်ဖြိုးပါတီ ကျေးရွာများအရောက် Social Media အခြေခံသင်တန်းဖွင့်လှစ်

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ ကော့မှူးမြို့နယ်အနောက်ခြမ်း တိုက်နယ် ပျဉ်းကတိုးကျေးရွာအုပ်စု အိုးဘိုကျေးရွာ ပါတီခေါင်းဆောင်ဦးတင်ဝင်း၏နေအိမ်၌ှSocial Media အခြေခံသင်တန်းကို ဒီဇင်ဘာ (၃၁) ရက် နံနက် ၈ နာရီက ဖွင့်လှစ်ခဲ့ရာ ဝါသနာပါစိတ်ဝင်စားကြသူ အနီး ဝန်းကျင်ကျေးရွာများမှ ကျား ၁၁ ဦး၊ မ ခြောက်ဦး စုစုပေါင်း သင်တန်းသား သင်တန်းသူ ၁၇ ဦး တက်ရောက်ခဲ့သည်။

အဆိုပါသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ကော်မတီ ဝင် ဦးတင်လင်းက အဖွင့်အမှာစကားပြောကြား ဖွင့်လှစ်ပေးခဲ့ပြီး ကော့မှူးပြည်ခိုင်ဖြိုးပါတီ မြို့နယ် ကော်မတီဝင် အနောက်ခြမ်းတာဝန်ခံများဖြစ်ကြ သော ဒေါ်မြမြမိုး၊ ဦးသန်းဌေး၊ ဦးကိုကိုလွင်တို့က ကူညီဆောင်ရွက်၍ သင်တန်းနည်းပြ အဖြစ် ကော့မှူး သတင်းမီဒီယာ တာဝန်ခံနှင့် ဥာဏ်လင်းထက်-ကြယ်တံခွန်-နည်းပညာကွန်ရက်အဖွဲ့တို့မှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)