ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးခေါင်းဆောင်သော အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ CPCပါတီ (Communist Party of China)၏ဖိတ်ကြားချက်အရ ဒီဇင်ဘာ (၂၇) ရက်မှ (၃၁) ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရာမှ ဒီဇင်ဘာ (၃၁) ရက်ညနေပိုင်းတွင် နေပြည်တော်လေဆိပ် သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် ချစ်ကြည်ရေးခရီးစဉ်၌ ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းတွင် CPC ပါတီမှH.E. Mr. Song Tao နှင့် တွေ့ဆုံပြီး ပါတီနှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းခဲ့ကာ ဒီဇင်ဘာ ၃ဝ ရက် နံနက်ပိုင်း၌ Party School of CPC Beiging Committee ၏ သင်တန်းကျောင်းတွင် တာဝန်ရှိသူများနှင့် ပါတီကေဒါ ရွေးချယ်လေ့ကျင့်ရေးနှင့် ကျစ်လျစ်ခိုင်မာစွာ ဖွဲ့စည်းရေးဆိုင်ရာကိစ္စ ရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ပါတီစည်းကမ်းထိန်းသိမ်းရေးဌာနDiscipline Inspection of the CPC မှ ဠငခန Vice Minister of the National Buerau of Corruption Prevention မှH.E. Mr. Liu Jianchao နှင့်တွေ့ဆုံပြီး ပါတီစည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများကိုလည်း ဆက်လက် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ ထိုခရီးစဉ်တွင် ဥက္ကဋ္ဌ နှင့်အတူ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်များဖြစ်ကြသည့် ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ကချင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရားဝမ်ဂျူး၊ ပါတီဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်နှင့် ဒေါက်တာ ဝင်းအောင်ကျော်တို့လိုက်ပါခဲ့ကြသည်။

အဆိုပါအဖွဲ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရာသို့ ပါတီဗဟိုအတွင်းရေးမှူးများ ဖြစ်ကြသည့် ဒေါက်တာကျော်ကျော်ဌေးနှင့် ဦးသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသည့် ဦးစိုးနိုင်၊ ဦးလှသိန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး မှDirector Counsellor ဒေါ်နွဲ့ကလျာနှင့် ပါတီဌာနချုပ်မှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။

Union daily