ဗဟိုအမျိုးသမီးညီလာခံအကြို အရာတော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးနှီးနှောဖလှယ်ပွဲကျင်းပပြုလုပ်
အောက်တိုဘာ(၃)၊ အရာတော်
မုံရွာခရိုင်၊ အရာတော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးတွင် ဗဟိုအမျိုးသမီးညီလာခံအကြို အရာတော်မြို့နယ်အမျိုးသမီးနှီးနှောဖလှယ်ပွဲ အခမ်းအနားကို(၃-၁၀-၂၀၁၈)နေ့ နံနက်(၉း၃၀)နာရီကကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားအစီအစဉ်ပထမပိုင်းတွင် သဘာပတိအဖွဲ့နေရာယူပြီးနောက် အခမ်းအနားကိုနိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ခဲ့သည်။
ထို့နောက်မုံရွာခရိုင်ပါတီဥက္ကဌဦးအောင်တိုးက အဖွင့်အမှာစကားပြောကြားပြီး အရာတော်မြို့နယ်ပါတီကော်မတီဝင် ဒေါ်ဇင်မာကအမျိုးသမီးနှီးနှောဖလှယ်ပွဲကျင်းပမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် အခမ်းအနားပထမပိုင်း အစီအစဉ်များ ကျင်းပပြီးစီးခဲ့သည်။
ထို့နောက် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအလိုက် အစုအဖွဲ့(၄)ဖွဲ့ ဖွဲ့စည်း၍ ဆွေးနွေးခဲ့ကြပြီး စာတမ်းဖတ်ကြားတင်ပြမည့် ကိုယ်စားလှယ်များရွေးချယ်ခြင်းကို ဒုတိယပိုင်းအစီအစဉ်တွင် ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားတတိယပိုင်းတွင် သဘာပတိအဖွဲ့မှ ပြန်လည်နေရာယူပြီးနောက် နှီးနှောဖလှယ်ပွဲတွင်အစုအဖွဲ့အလိုက် မှတ်တမ်းတင် ဆွေးနွေးခဲ့ကြသောစာတမ်းများဖြစ်သည့် မြန်မာအမျိုးသမီးများနှင့် မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍ မြှင့်တင်ရေးစာတမ်းကို အရာတော်မြို့ရှောက်ခါးကျေးရွာမှပါတီဝင် ဒေါ်ခိုင်ဇာဆွေကလည်း
ကောင်း၊ မြန်မာအမျိုးသမီးများ၏ဘဝလုံခြုံမှု၊ ငြိမ်းချမ်းသာယာမှုနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးစာတမ်းကို နောင်ကြီးအိုင်ကျေးရွာမှပါတီဝင်ဒေါ်တင်မာဝင်းကလည်းကောင်း၊ အမျိုးသမီးထုအတွင်း အမျိုးဂုဏ်ဇာတိဂုဏ်ထိန်းသိမ်းရေး အမျိုးသမီးများ၏အခွင့်အရေးများကို ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့်အညီ အကောင်အထည်ဖော်ဆောင်ရေးစာတမ်းကို ကျော်ပျောက်ကျေးရွာမှ ဒေါ်သီတာပြုံးကလည်းကောင်း၊ အမျိုးသမီးပါတီဝင်သစ်များစုဆောင်းရေးနှင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါတီဝင်အမျိုးသမီးများအား စဉ်ဆက်မပြတ်လေ့ကျင့်ပျိုးထောင်ပေးရေးစာတမ်းကို ရဲချင်းကျေးရွာမှ ဒေါ်ဒေါ်ဝေဝေမွန်ကလည်းကောင်း ဖတ်ကြားတင်သွင်းခဲ့ကြသည်။
ထို့နောက် အရာတော်မြို့နယ်၊အမျိုးသမီးနှီးနှောဖလှယ်ပွဲ၏ တွေ့ရှိချက်များ မှတ်တမ်းတင်ခြင်းနှင့်ရှေ့လုပ်ငန်းစဉ်များကို အရာတော်မြို့နယ်ပါတီအတွင်းရေးမှူးဒေါ်ဝင်းမြိုင်က တင်သွင်းပြီးသဘာပတိမှမှတ်တမ်းတင်ခြင်း၊အတည်ပြုခြင်းနှင့်ရှေ့လုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်ရွက်ရန် ဆုံးဖြတ်ပြီးနောက် အရာတော်မြို့နယ်ပါတီဥက္ကဋ္ဌဦးကံထွန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အခမ်းအနားအားပြည်ခိုင်ဖြိုးဟေ့တေးသီချင်း သံပြိုင်သီဆို၍ ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သိင်္ဂီဝင်းရွှေ၊ တိုင်းဒေသကြီးပါတီကော်မတီဝင်ဒေါ်ညွန့်ညွန့်ဌေး၊ မုံရွာခရိုင်ပါတီဥက္ကဋ္ဌဦးအောင်တိုး၊ ခရိုင်အမျိုးသမီးရေးရာတာဝန်ခံဒေါ်ကြူမိုးသန့်နှင့် ခရိုင်ပါတီကော်မတီဝင် ဦးတင်ဇော်၊ အရာတော်မြို့နယ်ပါတီဥက္ကဋ္ဌဦးကံထွန်းနှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုများမှပါတီဝင်အမျိုးသမီးများ၊ အမျိုးသားများ စုစုပေါင်းအင်အား(၁၂၀)ဦးခန့်က စိတ်ပါဝင်စားစွာတက်ရောက်ခဲ့ကြပါသည်။