ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ ဘိလပ်မြေအိတ်များလှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ ၎

ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကရင်တိုင်းရင်း သားများ နေထိုင်ရာ တောင်ပေါ်ဒေသ ဇေယျာသီရိမြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာ ကွန်ကရစ်လမ်း ခင်းနိုင်ရေးအတွက် ဘိလပ်မြေအိတ် ၅ဝ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဘိလပ်မြေအိတ်များ ပေးအပ်လှူဒါန်းရာတွင် ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေကော်မတီဝင် ဦးဝင်းမြင့်၊ နေပြည်တော်ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ နေပြည်တော်ခရိုင်အတွင်းရေးမှူး ဦးနွေနှင်းမောင်၊ ဇေယျာသီရိ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးနိုင်ဦးတို့က ကရင်တိုင်းရင်းသားများ နေထိုင်ရာ တောင်ပေါ်သို့ တက်ရောက်ပြီး ကျေးရွာ အုပ်စု ပါတီဥက္ကဋ္ဌ ဦးအောင်မြင့်နေအိမ်၌ ဘိလပ်မြေအိတ် ၅ဝ ပေးအပ်လှူဒါန်းခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချစ်ဆွေနှင့် ရပ်မိရပ်ဖများက လက်ခံရယူခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီသည် တိုင်းရင်းသားပေါင်းစုံဖြင့် စုပေါင်းဖွဲ့စည်းထားသည့် ပါတီဖြစ်သည့်အတွက် တောင်ပေါ် မြေပြန့် မခွဲခြားဘဲ တောင်ပေါ်ဒေသတိုင်းရင်းသားများသည်လည်း မိမိတို့တိုင်းရင်းသားများဖြစ်ပြီး တိုင်းရင်းသား များ၏လိုအပ်ချက် အခက်အခဲသည်လည်း မိမိတို့ပါတီ၏အခက်အခဲ လိုအပ်ချက်ပင်ဖြစ်၍ ယခုလို လာရောက် လှူဒါန်းရခြင်းဖြစ်ကြောင်း၊ ထပ်မံပြီး မိမိတို့ပါတီက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တတ်နိုင်သည့်ဘက်မှ ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုလည်း ပြည်ခိုင်ဖြိုးပါတီက ပြည်သူလူထု ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဆန်များကို အမြတ်မယူဘဲ ကျေးရွာများအရောက် လိုက်လံရောင်းချ ပေးလျက်ရှိနေပြီး ဒီတောင်ပေါ်ကိုလည်း အမြန်ဆုံးလာရောက် ရောင်းချနိုင်အောင် စီစဉ်ထားပြီးဖြစ်ကြောင်း ပြောဆိုဆွေးနွေးခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကြိုဆိုပါကြောင်း၊ မိမိတို့အုပ်စုသည် ပြည်ခိုင်ဖြိုးပါတီအား အမြဲတမ်း ထောက်ခံခဲ့သည့်အတွက် ရွေးကောက်ပွဲတိုင်းအနိုင်ရရှိခဲ့ ကြောင်း၊ ယခုလို ဘိလပ်မြေအိတ်များ လာရောက်လှူဒါန်းပေးသည့်အတွက်လည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားပြီးနောက် ယနေ့နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးအခြေအနေများဆွေး နွေးခဲ့ကြပြီး မွန်းလွဲ ၂ နာရီခွဲတွင် ပေးအပ်လှူဒါန်းပွဲ ပြီးဆုံးခဲ့ကြောင်း သိရသည်။

အောင်အောင်(နေပြည်တော်)