လားရှိုးမြို့ရှိ အသက်ရာကျော်ဘိုးဘွားများအားထောက်ပံ့လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် အသက်ရာကျော် အဘွားများအား ပူဇော်ကန်တော့ ထောက်ပံ့လှူဒါန်းခြင်းကို အဂ္ဂ မဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မဦးသိန်းစိန် (နိုင်ငံတော် သမ္မတ၊ ငြိမ်း) ဦးဆောင်တည် ထောင်ထားသည့် ရာဇသင်္ဂဟ ဖောင်ဒေးရှင်းမှ ယခုလ ၃ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပြုလုပ်ခဲ့ ကြောင်းသိရသည်။
အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂ မဟာသီရိသုဓမ္မဦးသိန်းစိန် (နိုင်ငံ တော်သမ္မတ၊ ငြိမ်း)ဦးဆောင် တည်ထောင်သည့် ရာဇသင်္ဂဟ ဖောင်ဒေးရှင်းမှ လားရှိုးမြို့နယ် အတွင်း အသက် ၁ဝဝ ကျော် အဘွားများဖြစ်ကြသည့် (၆)ရပ်ကွက် မှ အသက် ၁ဝဝ ရှိ ဒေါ်နန်းအမ်၊ (၇)ရပ်ကွက်မှ အသက် ၁ဝ၅ နှစ်ရှိ ဒေါ်နိုင်းခမ်းဆိုင်၊ (၁၂) ရပ်ကွက် မှ အသက် ၁ဝ၃ နှစ်ရှိ ဒေါ်လီဖင် ရီ၊ (၁၂) ရပ်ကွက်မှ အသက် ၁ဝ၂ နှစ်ရှိ ဒေါ်ရှင်ရှာဖောင်တို့အား တစ်ဦးလျှင် ငွေကျပ်နှစ်သိန်းနှုန်း ဖြင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာ ဆက်လက်နေထိုင် နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းသော ဂုဏ်ပြုမှတ်တမ်း လွှာကို ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးသန်းဝင်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်သူနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကော်မတီဝင်များသည် အသက်ရာ ကျော်အဘွားများအား အိမ်တိုင်ရာ ရောက် သွားရောက်ကန်တော့ ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့သည်။

စိုင်းခမ်းကော်(လားရှိုး)


Leave a Reply