ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့် ဘုရားဖြူကျေးရွာ ပါတီဝင်များနှင့်တွေ့ဆုံခြင်း

 

ဒီးမော့ဆိုမြို့နယ် – မတ်လ ၁၃

၁၃-၃-၂၀၁၈ ရက်နေ့ ညနေ(၅)နာရီအချိန် ဒီးမော့ဆို မြို့နယ် ဘုရားဖြူကျေးရွာအုပ်စု ဘုရားဖြူရွာ ဘုန်းတော်ကြီးကျောင်း အေးရိပ်မွန်ကျောင်းဆောင် တွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့်အဖွဲ့သည် ဘုရားဖြူရွာ ပါတီဝင်များနှင့် သွားရောက်တွေ့ဆုံပါသည်။
ယင်းတွေ့ဆုံရာတွင် ကယားပြည်နယ်ပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့် ပြည်နယ်ကော်မတီဝင်များ ဒီးမော့ဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌနှင့် ဒီးမော့ဆိုမြို့နယ်တာဝန်ခံ တို့သည် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များ ရှေ့ဆက်လက်လုပ်ဆောင်ရမည့် ပါတီလုပ်ငန်း စဉ်များ၊ ရည်ရွယ်ချက်များ၊ ပါတီဝင်များ သိသင့် သိအပ်သော အကြောင်းအရာများ၊ နိုင်ငံရေး၊ စီးပွါး ရေး၊ လူမှုရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး အစရှိသောကိစ္စရပ်များ နိုင်ငံရေးဖြစ်စဉ်များ အား အကျယ်တ၀င့် ဆွေးနွေးသွားပြီး တက်ရောက်လာ သော ပါတီဝင်များမှ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း အပြန်အလှန် ဆွေးနွေးသွားပါသည်။
ယင်းသို့သွားရောက်တွေ့ဆုံရာတွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့် ပြည်နယ်ကော်မတီဝင်များ လွိုင်ကော်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးကွယ်ရယ်ဖိုးနှင့် ခရိုင်ကော်မတီဝင်များ ဒီးမော့ဆိုမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ ဒေါ်မေရီယန်နှင့် မြို့နယ်ကောက်မတီဝင် များ ဘုရားဖြူကျေးရွာပါတီဝင်များ စုစုပေါင်း အင်အား(၅၀)ဦးတက်ရောက်ကာ ညနေ (၆း၃၀) နာရီတွင် ပြီးစီးကြောင်း သိရှိရသည်။

Crd;