ကော့မှူးမြို့နယ်ပါတီနှင့် “ဖြိုးစေတနာ” နယ်လှည့် ဆေးကုသအဖွဲ့ ကျေးရွာအရောက် ကွင်းဆင်းကုသ

 

ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် ကော့မှူးပြည်ခိုင်ဖြိုးပါတီ နှင့် ‘ဖြိုးစေတနာ’ ဒေါက်တာ သိန်းဇော်မြင့် ဦးဆောင်သော ဆေးကုသရေးအဖွဲ့ (တွံတေး) တို့ပူးပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း ကော့မှူး မြို့နယ်အတွင်း သွားလာရခက်ခဲ သော ကျေးရွာများအရောက် ကျန်း မာရေးစောင့်ရှောက်ကုသပေးလျက် ရှိရာ ကော့မှူးအနောက်ခြမ်း ရေ ကျော်ကျေးရွာအုပ်စု ကျုံဖာကျေး ရွာပါတီခေါင်းဆောင်ဦးခင်တိုး၏ နေအိမ်၌ ဒီဇင်ဘာ (၃၁) ရက် နံနက် ၈နာရီမှစ၍ ၁၁ နာရီအထိ အနီးဝန်းကျင်ကျေး ရွာများဖြစ်သော ပျဉ်းကတိုးကျေး ရွာ၊ ကွမ်းခြံကုန်းလေးကျေးရွာ၊ ချောင်းဝကျေးရွာ၊ ရေကျော်ကျေး ရွာများမှ လူနာ (၁၅၅) ဦးကို ကုသပးခဲ့သည်။

အဆိုပါ ကွင်းဆင်းကုသရေး အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ကော်မတီဝင် (ကွမ်းခြံကုန်းမြို့ နယ်ပါတီဥက္ကဋ္ဌ) ဦးတင်လင်း ဦးဆောင်လျက် ကော့မှူးပြည်ခိုင်ဖြိုး ပါတီနာယက ဦးဝင်းထိန်၊ ဥက္ကဋ္ဌ ဦးကျော်ဇင်ဟိန်း၊ မြို့နယ်ကော်မတီဝင်များဖြစ်သော ဦးလှဆန်း၊ အနောက်ခြမ်းနယ်မြေ တာဝန်ခံ များ ဖြစ်သော ဒေါ်မြမြမိုး၊ဦးသန်းဌေး၊ ဦးကိုကိုလွင်နှင့် ကျေးရွာပါတီဝင် များ၊ရပ်မိရပ်ဖများ၊ တွံတေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ (ဆေးအဖွဲ့) တို့ ပူးပါင်းကူညီပေးပြီး မွန်းလွဲ ၁နာရီ မှ ၃နာရီအထိ ကုသပေးခဲ့ကြောင်း သိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)