ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီးပါတီကော်မတီဝင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နယ်မြေတာဝန်ခံမိသားစုက ဗလာစာအုပ်နှင့်စာရေးကိရိယာများလှူဒါန်း

 

ရန်ကုန် နိုဝင်ဘာ ၁၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီ ကော်မတီဝင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်နယ်မြေတာဝန်ခံဒေါက်တာကျော်စိုး မိသားစုသည် ယမန်နေ့နံနက် ၉ နာရီက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ ရုံးမှတစ်ဆင့်အမှတ်(၁၄)ရပ်ကွက် အမှတ်(၂၅)အခြေခံပညာမူလတန်းကျောင်း (ခွဲ)သို့ ဗလာစာအုပ်နှင့် စာရေးကိရိယာ များ လှူဒါန်းမှုများပြုလုပ်ခဲ့သည်။

လှူဒါန်းရာတွင် တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါက်တာကျော်စိုးနှင့်ဇနီး ရန်ကုန်(အရှေ့ပိုင်း)ခရိုင်၊ ခရိုင်ပါတီကော် မတီဝင် ဒေါ်လဲ့လဲ့အေး၊ သမီး မအိနြေ္ဒ ကျော်စိုးမိသားစုတို့မှ ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်ရှိ အမှတ်(၂၅) အခြေခံပညာမူလတန်း ကျောင်းခွဲရှိKGနှင့်သူငယ်တန်းကျောင်း သား၊ကျောင်းသူ ၆၇ဦးအတွက် လှူဒါန်း သော ဗလာစာအုပ် ၁၅ ဒါဇင်၊ ခဲတံ ၁ဝ ဒါဇင်၊ပေတံ၊ ခဲဖျက်၊ ချွန်စက် စသည့် စာရေးကိရိယာများအား ဒေါက်တာ ကျော်စိုး မိသားစုကိုယ်စား မြို့နယ်ပါတီ အတွင်းရေးမှူး ဦးလှမျိုးနှင့် ရပ်ကွက် ပါတီဥက္ကဋ္ဌ ဒေါ်အိအိသန်းနှင့် ရပ်ကွက် ကော်မတီဝင်များက ကျောင်းအုပ်ဆရာမ ကြီး ဒေါ်နန္ဒာဝင်းတင့်နှင့် ဆရာ၊ဆရာမ များအား ပေးအပ်လှူဒါန်းခဲ့ကြသည်။

စိုးမိုး(ဒဂုံ-အရှေ့)