လှိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီရုံးခန်းမ၌ ယခုလ ၂၇ ရက်မွန်းလွဲ ၁ နာရီခွဲတွင် ရပ်ကွက်ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံစည်းဝေး ခဲ့သည်။
အစည်းအဝေးတွင် လှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌဦးမင်းလွင်က ပါတီဝင်ဦးရေမှန်ကန်တိကျ သောစာရင်းရရှိရန်နှင့် ပါတီဝင်အင်အားတိုးရရှိအောင် စိစစ်ခြင်း လုပ်ငန်းများဆောင်ရွက်ရန်၊ ပါတီဝင်နှစ်စဉ်ကြေးများကောက်ခံ ပေးကြရန်ပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာသူ ရပ်ကွက်ပါတီခေါင်းဆောင်များက မရှင်းလင်းသော အချက်များ၊ လုပ်ငန်းအခက်ခဲများကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့သည်။
ထိုအစည်းဝေးသို့ မြို့နယ်ကော်မတီများ၊ ရပ်ကွက်ပါတီ ခေါင်း ဆောင်များ စုပေါင်းအင်အား ၅ဝ တက်ရောက်ပြီး မွန်းလွဲ ၃ နာရီတွင် ပြီးဆုံးကြောင်း သိရသည်။

ဗိုလ်အုန်း(လှိုင်)