ဆိပ်ကြီးခနောင်တိုပြည်ခိုင်ဖြိုးပါတီ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘောလီဘောပြိုင်ပွဲ အခမ်းအနားဖွင့်လှစ်

 

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အမျိုးသားဘောလီဘောပြိုင်ပွဲ အခမ်းအနားအား ယနေ့ နံနက် ၈ နာရီ အချိန်က မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဗဟိုကော်မတီဝင်နှင့်အဖွဲ့ လားဟူနှစ်သစ်ကူးပွဲ တက်ရောက် အားပေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးဝိလ်ဆင်မိုး၊ ခရိုင်ကော်မတီဝင် ဦးဟန်ဦး၊ မြို့နယ်ဥက္ကဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ကော် မတီဝင် ဦးစိုးကျော်အောင်၊ မြို့နယ်အရံကော်မတီဝင် ဦးထက်အောင် နှင့် လူငယ်အဖွဲ့ဝင်များလိုက်ပါခဲ့လျှက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်း(စံပြ) ကျေးရွာတွင် ၂၀၁၇ ဇန်န၀ါရီလ (၁) ရက်က ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် လားဟူတိုင်းရင်းသား စုပေါင်း နှစ်သစ်ကူးပွဲတော် အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

သန်လျင်မြို့နယ် မြို့နယ်ပါတီကော်မတီ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီ ပုံမှန် အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီ (၂) ရက် နံနက် (၁၀) နာရီခွဲအချိန်တွင် မြို့နယ်ပါတီရုံးတွင် ကျင်းပ ပြုလုပ်ရာ မြို့နယ်ပါတီဥက္ကဌ ဦးကျော်မင်း၊ အတွင်းရေးမှူး ဦးရန်နိုင်ရွှေနှင့် မြို့နယ် ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ပါတီဝင်အင်အားများကိစ္စ၊ လူငယ်/အမျိုးသမီးရေးရာများ ဖွဲ့စည်းရေးနှင့် သတင်းမီဒီယာ ဆိုင်ရာများ အားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆုနှင်းသဘင်အခမ်းအနား တက်ရောက်ချီးမြင့်

 

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် အုတ်တွင်းအုပ်စု၊ စမ်းကုန်းကျေးရွာ၊ အ.မ.က စမ်းကုန်းတွင် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ပညာရည်ချွန် ဆုနှင်းသဘင်အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီ (၂) ရက်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ရာ ကြံခင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌဦးမျိုးမင်းထွဋ်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ တက်ရောက် ချီးမြင့်ခဲ့ကြသည်။

ရန်ကုန်(အရှေ့ပိုင်း)ခရိုင်တွင် ပါတီဝင်များတွေ့ဆုံပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်(အရှေ့ပိုင်း) ခရိုင် စည်းရုံးရေးနယ်မြေ အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှပါတီဝင်များအား ခရိုင်ပါတီကော်မတီနှင့် မြို့နယ်ပါ တီကော်မတီတို့မှ ရက်သတ္တပတ်တစ်ပတ်လျှင် တစ်ရက် တွေYဆုံလျက်ရှိရာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ (၁) ရက် နံနက် ၈ နာရီတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမဆောင်၌ေ တွ့ဆုံကြသည်။

မီဒီယာကိုစိတ်ဝင်စားကြသည့်ပါတီဝင်လူငယ်များအား မီဒီယာသင်တန်းဖွင့်လှစ်သင်ကြား

 

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမအတွင်း၌ ၂၀၁၇ ဇန်န၀ါရီလ (၁) ရက် နံနက် ၁၁နာရီက မီဒီယာကို စိတ်ပါဝင်စားကြ သည့်ပါတီဝင် လူငယ်များအား သတင်းမီဒီယာ ဆင့်ပွားသင်တန်းကို ဖွင့်လှစ်သင်ကြား ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဗဟိုကော်မတီဝင်၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ၊ ပြည်နယ်ကော်မတီဝင် ဒေါ်ခိုင်ဇင်ဦး၊ သံတွဲခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌ များနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ပါတီရှေ့ဆက်လုပ်ကိုင်ဆောင်ရွက်သွားရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်း

 

ရခိုင်ပြည်နယ် ဂွမြို့နယ် ကျိန္တလီမြို့နယ်ခွဲ ပြည်ခိုင်ဖြိုးပါတီ ရုံး အစည်းအဝေးခန်းမအတွင်း၌ ၂၀၁၇ ဇန်န၀ါရီ (၂) ရက် မွန်းတည့် ၁၂နာရီက ပြည်နယ်အတွင်းရေးမှူးနှင့် ကျိန္တလီမြို့ နယ်ကော်မတီဝင်များ၊ အရန်ကော် မတီဝင်များ၊ရပ်/ကျေးခေါင်းဆောင်များ တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံကြရာ၌ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ က မြို့နယ်ပါတီအနေဖြင့် ရှေ့ဆက် လုပ်ကိုင် ဆောင်ရွက်သွားရမည့် ပါတီလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလ င်းပြောကြားခဲ့သည်။

လက်တွေ့အသုံးချWindows Basic and Office Application Course သင်တန်း ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဖွင့်

 

ရန်ကုန်တိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံးကွန်ပျူတာသင်တန်း ခန်းမတွင် လက်တွေ့အသုံးချ Windows Basic and Office Application Courseသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ ဇန်န၀ါရီ (၂) ရက် နံနက် ၁ဝ နာရီက ကျင်းပသည်။

ပြည်နယ်ပါတီရုံးအဖွဲ့မှ နှစ်သစ်ကိုကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကလေး သူငယ်ပြုစု စောင့်ရှောက်ရေး ဖောင်ဒေးရှင်း တွင် အလှူငွေများလှူဒါန်း

နှစ်သစ်ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက် (နှစ်သစ်ကူးနေ့) နံနက်ပိုင်းက ရခိုင ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အဖွဲ့မှူး ဦးဆောင်သော ရုံးဝန်ထမ်းများသည် စစ်တွေမြို့ မင်းဂံ ရပ်ကွက် (အကွက်-၁၃)ရှိ ABC ကလေးသူငယ် များ ပြုစုစောင့်ရှောက်ရေးဖောင်ဒေးရှင်းသို့ သွားရောက်၍ အလှူငွေများနှင့် ကလေးသူငယ်များအတွက် အချိုရည်ဘူးများ၊ မုန့်များသွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင်ဦးဌေးဦးအား ဂျပန်နိုင်ငံမှ အမျိုးသမီးကင်းထောက်အဖွဲ့လာရောက်တွေ့ဆုံ