သမ္မတဟောင်း ဦးသိန်းစိန်အား Asia Cosmopolitan Awards ဆု နှင့်ပတ်သက်၍ERIA မှ Senior Communication Advisor လာရောက်တွေ့ဆုံမေးမြန်းမှုပြုလုပ်

 

မေးမြန်းရာတွင် ဆုရရှိမှုအပေါ်ခံစားမှု၊ သမ္မတတာဝန်မှအနားယူပြီး နောက် နေထိုင်ဆောင်ရွက်မှု၊ သမ္မတတာဝန်ထမ်းဆောင်စဉ် ထူးထူးခြား ခြား အမှတ်တရရှိနေခဲ့မှုများ စသည်ဖြင့် မေးခွန်းများမေးမြန်းမှုကို ရင်းနှီး ပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပါတီ အမျိုးသမီးရေးရာတွေ့ဆုံဆွေးနွေး

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာအဖွဲ့ဝင်များ တွေ့ဆုံ၍ ဆွေးနွေးပွဲတစ်ရပ်ကို ဒီဇင်ဘာ (၂၁) ရက် နံနက်ပိုင်းက ကျိုင်းတုံမြို့ရှိ ပြည်နယ်ပါတီရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစိုင်းကျော်လှမှ အဖွင့်အမှာ စကားပြောကြားပေးခဲ့ပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) အမျိုးသမီးရေးရာ တာဝန်ခံ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းမှ ဦးဆောင်ဆွေးနွေးကာ ကျိုင်းတုံ၊ မိုင်းပျဉ်း၊ မိုင်းယန်း၊ မိုင်းခတ်မြို့နယ်အသီးသီးမှ အမျိုးသမီးရေးရာ ကော်မတီဝင်များ တက်ရောက်ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

ရပ်ကွက်ပါတီကော်မတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံ

 

ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးတင်ယု၊ လှိုင်သာယာမြို့နယ် ပါတီ ခေတ္တဥက္ကဌဦးဇေယျာအောင်နှင့် မြို့နယ်ကော်မတီဝင် စည်းရုံးနယ်မြေ(၃)အဖွဲ့တို့သည် ဒီဇင်ဘာ (၂၁) ရက် ညနေ (၄) နာရီခွဲအချိန်က အမှတ်(၁၁)ရပ်ကွက် ခိုင်ရွှေဝါလမ်း မ/၅၇၄/Bတွင် ရပ်ကွက်ပါတီကော်မတီဝင်များနူင့် တွေ့ဆုံ၍ ပါတီလုပ်ငန်းစဉ်များ ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။

ကျောက်ဆည်ခရိုင်ပြည်ခိုင်ဖြိုး မီဒီယာသင်တန်းဖွင့်လှစ်

 

(၂၂.၁၂.၂၀၁၆)ရက်နေ့ နံနက်(၀၈း၃၀)အချိန်တွင် ကျောက်ဆည်ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး၌ ပြည်သူ့ဆက်ဆံရေးနှင့် အခြေခံသတင်းမီဒီယာသင်တန်းဖွင့်လှစ်ရာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဦးအောင်ကျော်မိုး၊ တိုင်းကော်မတီဝင်ဦးအောင်နိုင်ဦး၊ ကျောက်ဆည်ခရိုင်ဥက္ကဌဦးအောင်မြင့်သန်းနှင့်ခရိုင်ကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ ကျောက်ဆည်ခရိုင်အတွင်းရှိမြို့နယ်များမှ ဥက္ကဌများနှင့် သင်တန်းသားများတက်ရောက်ခဲ့ကြပြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးမှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

Zaw Aung Htet


ထန်းတပင်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး/လူငယ်ရေးရာ တွေ့ဆုံပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာ/ လူငယ်ရေးရာ တွေ့ဆုံပွဲကို ဒီဇင်ဘာ (၂၁) ရက်က ထန်းတပင်မြို့နယ်ပါတီရုံးတွင် ကျင်းပ ပြုလုပ်ရာ တွေ့ဆုံပွဲကို တောင်ငူခရိုင်ပါတီ အတွင်းရေးမှူး၊ တောင်ငူခရိုင် အမျိုးသမီးရေးရာနှင့် လူငယ်ရေးရာ တာဝန်ခံများ၊ ထန်းတပင်မြို့နယ် ပါတီအတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အမျိုးသမီးရေးရာနှင့် လူငယ်ရေးရာတာဝန်ခံများ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြပြီး ရေးရာကဏ္ဍအလိုက် လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ကျောက်ဆည်ပြည်ခိုင်ဖြိုး လူငယ်လှုပ်ရှားမှုဆောင်ရွက်ရေး လုပ်ငန်း ညှိနှိုင်းစည်းဝေး

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ဒီဇင်ဘာ (၂၁) ရက် နံနက်ပိုင်းက တိုင်းပါတီကော်မတီဝင် ဒေါ်သိင်္ဂီအောင်၊ ကျောက်ဆည်ခရိုင်ပါတီဥက္ကဌ ဦးအောင်မြင့်သန်းတို့သည် ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ်ပါတီဥက္ကဌများ၊ လူငယ်ရေးရာတာဝန်ခံ များအား တွေ့ဆုံ၍ လူငယ်လှုပ်ရှားမှု ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး

ပြင်ဦးလွင်မြို့နယ်အတွင်းရေးမှူးနှင့်အဖွဲ့ ကျေးရွာစာကြည့်တိုက်သို့ စာအုပ်မျိုးစုံ ပေးအပ် လှူဒါန်း

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးလင်းဇော်မင်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များတို့သည် ဒီဇင်ဘာ (၂၁) ရက်နေ့က သံတောင်ကျေးရွာရပ်မိရပ်ဖများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်/ကျေးစည်းမှူးများနှင့်တွေ့ဆုံ၍ ပါတီလုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြပြီး သံတောင်ကျေးရွာ စာကြည့်တိုက်အား စာအုပ်မျိုးစုံ (၁၀၀) အုပ်လှူဒါန်းခဲ့ပါသည်။

၎င်းနောက် သံတောင်ကျေးရွာနှင့် လိပ်ကျကျေးရွာ စာသင်ကျောင်းများတွင် ပညာ သင်ကြား နေကြသော ကလေး ငယ်များအား “မြင့်မြတ်ပညာရေးဖောင်ဒေးရှင်း” မှ လှူဒါန်းသည့် ဗလာစာအုပ်များ၊ လေးကြောင်းမျဉ်းစာအုပ် များအား ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မော်ကျွန်းပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးပြုလုပ်

 

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မော်လမြိုင်ကျွန်းမြို့နယ်ပါတီ ဥက္ကဌ ဦးမြင့်အောင်၊ ခရိုင်ကော်မတီဝင် ဦးမြင့်ဆွေ၊ နယ်မြေ (၃) တာဝန်ခံ ဦးခင်မောင်ဝင်း၊ အမျိုးသမီးရေးရာ တာဝန်ခံ မဆွေဇင်မင်း တို့သည် ဒီဇင်ဘာ (၂၁) ရက် နေ့လည် (၁၂) နာရီတွင် မော်လမြိုင်ကျွန်းမြို့နယ် နယ်မြေအမှတ် (၃)ရှိ မြတ်သာရွာမ၊ မြတ်သာရွာဝ၊ မြတ်သာဇီးဖြူ၊ မိတ်သလင်ကုန်းကျေးရွာ အုပ်စုများရှိ ပြည်ခိုင်ဖြိုးခေါင်းဆောင်များ၊ ပါတီဝင်များ၊ လူငယ် ခေါင်းဆောင်များ၊ အမျိုးသမီးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများနှင့် ကွင်းဆင်းသွားရောက်ကာ ပါတီလုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Okkar Kyaw

ဘိုကလေးမြို့နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ အမာခံပါတီဝင်များအား တွေ့ဆုံမှာကြား

 

ဘိုကလေးမြို့နယ်ပါတီဥက္ကဌ ဦးမြသိန်း၊ အတွင်းရေးမှူး ဦးလှဌေး၊ နယ်မြေ(၃)တာဝန်ခံ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်တိုးတိုးလှိုင်၊ အလုပ်သမားရေးရာ တာဝန်ခံ ဦးခင်ဝင်း၊ မီဒီယာကဏ္ဍတာဝန်ခံ ဒေါ်မေသန်းဦး တို့သည် ဒီဇင်ဘာ (၂၀) ရက် နေ့က မြင်းကကုန်းကျေးရွာပါတီအမာခံများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။

ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ခရိုင်/မြို့နယ်/ရပ်ကျေးပါတီအဖွဲ့များဖြင့် တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပြည်နယ် ပါတီကော်မတီဝင် ဒေါ်တင်မေထွန်းသည် ဒီဇင်ဘာ (၂၀) ရက် နံနက် (၈) နာရီအချိန်က တာချီလိတ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ ခရိုင်အတွင်းရေးမှူး ဦးချမ်းမြ နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းလုံနှင့် မြို့နယ် ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာပါတီ ခေါင်းဆောင်များနှင့် ပါတီအမျိုးသမီးအဖွဲ့များ စုစုပေါင်း အင်အား (၇၀) ဦးနှင့် တွေ့ဆုံ၍ လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။