ပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးနှင့်ဇနီး စက္ခုဒါနဆေးရုံကြီး တည်ထောင်ခြင်း တစ်နှစ်မြောက်နှင့် အခမဲ့မျက်စိကုသရေး အစီအစဉ် လေးနှစ်မြောက် ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ ဟင်္သာတခရိုင် စက္ခုပါလာဒိဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းတို့သည် ဖေဖော်ဝါရီ (၂၆) ရက် နေ့ညနေပိုင်းတွင် သာကေတ မြို့နယ်ရှိ အောင်စင်္ကြာပရမေတ္တာစက္ခုဒါနဆေးရုံကြီးတည်ထောင်ခြင်း တစ်နှစ်မြောက်၊ အခမဲ့မျက်စိကုသရေး အစီအစဉ် လေးနှစ်မြောက် ဂုဏ်ပြုပွဲအခမ်းအနားနှင့် နိဗ္ဗာန်ဈေးပွဲတော်သို့ တက်ရောက်ခဲ့သည်။

(more…)


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ကော့မှူးမြို့နယ်ရှိရပ်မိရပ်ဖပြည်သူများတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်အတွင်းရှိ ရပ်မိရပ်ဖပြည်သူများ တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၄ဝ က ကော့မှူးမြို့နယ် ကိုးတောင်ကျေးရွာ၌ ပြုလုပ်ခဲ့သည်။



(more…)


ကျေးသီးမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံး ဆောင်ရွက်

 

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် (၂၀၁၇)ကြားဖြတ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ် စည်းရုံး ရေးအဖြစ် ဖေဖေါ်ဝါရီ(၂၆)ရက်နေ့ နံနက်ပိုင်းတွင် လုံပုရပ်ကွက် သို့လည်းကောင်း၊ ညပိုင်းတွင် ဟော်ကုန်း ရပ်ကွက်သို့လည်းကောင်း သွားရောက်၍ မဲဆန္ဒရှင် မိဘပြည်သူများနှင့် တွေ့ဆုံပြီး ကိုယ်စားလှယ်လောင်း များ၏ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မဲဆွယ်စည်းရုံးစကားပြော ကားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

ရန်ကုန်ခရီးသွား ဒို့အလေးထားဆွေးနွေးပွဲဖော်ထုတ်ချက်

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဖေဖော် ၀ါရီ ၂၄ တွင် Melia Hotel ၌ “ရန်ကုန်ခရီးသွား ဒို့အလေးထား” ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ဆွေးနွေး ပွဲမှ အောက်ပါအချက်များကို ဖော်ထုတ်ရရှိခဲ့ပါသည်-

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့်ခရီးသည်တင်ယာဉ်လိုင်းများ ယာဉ်လမ်း ကြောင်း သတ်မှတ်ရာတွင် မီးရထားဘူတာရုံ၊ သဘောင်္ဆိပ်၊ လေဆိပ်များနှင့် တစ်နေရာနှင့်တစ်နေရာ အကူးအပြောင်းတွင် ချိတ်ဆက်မိစေရန် ဆောင်ရွက်သင့်ပါသည်။

မန္တလေးတိုင်း/ခရိုင်၊ မြို့နယ်ပါတီလုပ်ငန်းညှိံနှိုင်းစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ယနေ့ (၂၇-၂-၂၀၁၇) ရက် နံနက် (၉) နာရီအချိန်က တိုင်းဒေသကြီးပါတီကော်မတီနှင့် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

(more…)


ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦး​အောင်​ကြည်​သိန်း မဲဆန္ဒရှင်​ပြည်​သူများအား စည်းရုံးမဲဆွယ်

၂၀၁၇ခုနှစ်​ ဧပြီလ(၁)ရက်​​နေ့တွင်​ ပြုလုပ်​မည့်​ကြားဖြတ်​​ရွေး​ကောက်​ပွဲ တွင်​ ပြည်​ခိုင်​ဖြိုးပါတီမှ ဝင်​​ရောက်​ယှဉ်​ပြိုင်​မည့်​ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​အောင်​ကြည်​သိန်းသည်​ ​ဖေ​ဖော်​ဝါရီလ(၂၆)ရက်​​နေ့တွင်​ ​ချောင်းဆုံ မြို့နယ်​ ကမာ​ကေး​ကျေးရွာ ​တော်​ကပူး​ကျေးရွာအုပ်​စုနှင့်​ ဖံဖ​ကျေးရွာများရှိ မဲဆန္ဒရှင်​များအား စည်းရုံးမဲဆွယ်​ခဲ့သည်​။

(more…)


သာကေတမြို့နယ်ပါတီ လူငယ်ထုတွေ့ဆုံပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်ထု တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပခဲ့သည်။

 

(more…)


အုတ်ဖိုမြို့နယ်ပြည်ခိုင်ဖြိုး လပတ်ပုံမှန်စည်းဝေး

 

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ အုတ်ဖိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လပတ်ပုံမှန် အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်ထွေးက ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။ ယင်းအစည်းအဝေးသို့ အတွင်းရေးမှူး ဦးဇော်ဦးနှင့်ကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ ဆွေးနွေးပွဲ ပြုလုပ်

မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီအမျိုးသမီးရေးရာအဖွဲ့မှကြီး မှူး၍ ဆွေးနွေးပွဲ တစ်ရပ်ကို ယခု လ ၂၄ ရက်နံနက် ၁၁ နာရီခွဲက ပြုလုပ်ခဲ့သည်။

 

 

(more…)