ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တိုင်းဒေသကြီး ခရိုင် မြို့နယ်ပါတီ ဥက္ကဋ္ဌ အတွင်းရေးမှူးများနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တိုင်းဒေသကြီးခရိုင်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ အတွင်းရေးမှူးများတွေ့ဆုံ ညှိနှိုင်းအစည်းအဝေး ကို ဖေဖော်ဝါရီ (၂၈) ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ တိုင်းဒေသကြီး အတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်း၊ ဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်းနှင့် ဦးတင်ဝင်း၊ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ တက်ရောက်ကြသည်။

လူထုဟောပြောနည်း ဘာသာရပ်အား တွေ့ဆုံဆွေးနွေး မျှဝေပေး

 

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်းဒေသကြီးပါတီရုံး၌ ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင် (ဝေလွင်မောင်) က ဖေဖော်ဝါရီ (၂၈) ရက် နံနက် ၉ နာရီတွင် လူထုဟော ပြောနည်း ဘာသာရပ်အားမျှဝေ၍ ဗဟုသုတအသိပညာများ တွေ့ဆုံ ဆွေးနွေးပို့ချပေးသည်။

မစိုးရိမ်ဆရာတော်ကြီး၏ ရုပ်ကလပ်အား ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ သွားရောက်ကန်တော့

(၂၇.၂.၂၀၁၇) ည (၀၈း၁၅) အချိန်ခန့်က ဘဝနတ်ထံပျံလွန်တော်မူသွားသော မစိုးရိမ်ကျောင်းတိုက် အဓိပတိမဟာနာယက၊ နိုင်​ငံ​တော်​သြဝါဒစရိယ၊ အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တပဒုမာဘိဝံသ သက်​​တော်​(၈၂)၊ ဝါ​တော်​ ( ၆၂ ) ဝါ၏ ရုပ်ကလပ်တော်အား ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်မှ  (၂၈.၂.၂၀၁၇) နံနက် (၀၉း၅၀) အချိန်တွင် သွားရောက်ဖူးမျှော်ခဲ့ပြီး ဈာပန အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ကျေးရွာချင်းဆက် လမ်းဖောက်လုပ်မှုတွင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌနှင့်ပါတီဝင် များ ကျေးရွာရပ်မိရဖတစ်ဦးတို့မှ အလှူငွေများ လှူဒါန်း

28.2.2017 ဝါးခယ်မမြို့နယ် ညောင်ငူကျေးရွာအုပ်စု သံဖြူစုကျေးရွာနှင့် ကျုံစုတ်ကျေးရွာ ကျေးရွာချင်းဆက် လမ်းဖောက်လုပ်မှုတွင် ဝါးခယ်မမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးတင်ထွဋ်မှ ငွေကျပ် ၁၀၀၀၀၀ (တစ်သိန်း) ကျေးရွာ ရပ်မိရပ်ဖ တစ်ဦး ဖြစ်တဲ့ ဦးခေါင်းကြီးမှ ငွေကျပ် ၁၀၀၀၀၀ (တစ်သိန်း) ဖြင့် မတည်လှူဒါန်းပြီး ရပ်ကျေးပါတီဝင်များ ဦးဆောင်မှုဖြင့် ကောက်ခံ ရရှိငွေ ၃၀၀၀၀၀ (သုံးသိန်း)ကျပ် အခြားစေတနာရှင်များ၏ ထည့်ဝင်လှူဒါန်းမှုများ ဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမိတ်ဆက်

အမည် – ဦးစိုင်းကျော်ခိုင်
ပါတီ – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း – B.Com
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – မိုင်းရှူးမြို့နယ် ရှမ်းပြည်နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း

 

(more…)


လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လာင်း တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံး

လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းသည် ယနေ့ (၂၇.၂.၂၀၁၇) ရက်နေ့ နံနက် (၉) နာရီမှစ၍ မဲဆန္ဒရှင်ပြည်သူများကို တစ်အိမ်တက်ဆင်း လိုက်လံမဲဆွယ် စည်းရုံးခဲ့ပါသည်။

(more…)


လိုင်​သာယာမြို့န ယ်ပြည်ခိုင်ဖြိုးပါတီ မီးဘေးသင့်ပြည်သူများသို့ သောက်ရေသန့် သွားရောက်လှူ ဒါန်း

၂၇.၂.၂၀၁၇ ရက်နေ့ (၁၇း၂၅) အချိန်ခန့်တွင် လှိုင်သာယာမြို့နယ် ပန်းလှိုင် ဂေါက်ကွင်းအနီး ဒိုင်စုကျေးရွာတွင် မီးလောင်မှု့ဖြစ်ပွားခဲ့ပါသည်။ မီးလောင်မှု့ကြောင့် အိမ်ထောင်စုပေါင်း (၅၇) စု လူဦးရေ ကျား (၁၂၈) ဦး မ(၁၉၁) ဦး ကျောင်းသား / သူ (၅၃) ဦး မီးဘေးသင့်ခဲ့ပါသည်။

(more…)


အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း လမ်းမတော်မြို့နယ်တွင် ကွင်းဆင်းမိတ်ဆက်

အမှတ်(၆)အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင် မောင်အေး၊ လမ်းမတော်ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက် ကော်မတီဝင်များနှင့် အတူ ကျောက် တံတားမြို့နယ်ဥက္ကဋ္ဌ၊ အတွင်း ရေးမှူး၊ မြို့နယ်ကော်မတီဝင်များ နှင့်အတူ လမ်းမတော်မြို့နယ် အမှတ်(၆) ရပ်ကွက်နှင့် အမှတ် (၉)ရပ်ကွက်များသို့ ယမန်နေ့နံနက် ၁ဝ နာရီခွဲတွင် ရပ်ကွက်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများထံသို့ လိုက် လံမိတ်ဆက်ပြီး လက်ကမ်းစာ စောင်များပေးဝေခဲ့သည်။

ပါတီဗဟိုဦးဆောင်ကော်မတီ သူရဦးအေးမြင့် မုံရွာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း၏ မဲဆွယ်စည်းရုံးပွဲသို့ တက်ရောက်အားပေး

 

ပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင် ကော်မတီ သူရဦးအေးမြင့်သည် ယခုလ ၂၄ ရက် နံနက် ၉ နာရီ တွင် မုံရွာမြို့နယ် ယင်းပန်းကျေး ရွာမှ ပါတီမိတ်ဆွေတစ်ဦး၏နေ အိမ်၌ ကျင်းပသည့် မုံရွာ မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အတွက် ပါဝင်ယှဉ်ပြိုင်မည့် ပြည် ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်အောင်၏ ကျေး လက်ဒေသနေ မိဘပြည်သူ များနှင့် တွေ့ဆုံ မဲဆွယ်စည်းရုံးပွဲသို့ လိုက် ပါပြီးတက်ရောက်အားပေးခဲ့သည်။

(more…)


ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

 

ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ဖေဖေါ်ဝါရီ(၂၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်က တောင်ကြီးခရိုင် ပြည်ခိုင်ဖြိုးပါတီနှင့် ခရိုင်အတွင်းရှိ မြို့နယ်များမှ ပါတီဥက္ကဌနှင့် အတွင်းရေးမှူးများ၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ ရှမ်းပြည်နယ်ပါတိဥက္ကဌ ဦးစိုင်းသန်းဝင်း တက်ရောက် အမှာစကား ပြောကြားခဲ့သည်။