ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမိတ်ဆက်

 

အမည် – ဦးစိုင်းမိုးကျော်သူ
ပါတီ – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း – ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသိပ္ပံကျောင်းဆင်း
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – ကျေးသီးမြို့နယ် အမှတ်(၂) မဲဆန္ဒနယ် ရှမ်းပြည်နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ဦးစိုင်းမိုးကျော်သူ၏ ကိုယ်ရေးအကျဉ်း
**********************************
စိုင်းမိုးကျော်သူအား အဖ ဦးစဝ်အေးမောင်၊ အမိ ဒေါ်နန်းခမ်းလိတ်တို့မှ ၁၉၆၇ ခုနှစ်၌ မွေးဖွားခဲ့ပြီး မိုင်းနောင်မြို့ဇာတိဖြစ်သည်။ ဇနီးအမည်မှာ ဒေါ်နန်း နွမ်းမိုဖြစ်ပြီး မိုင်းနောင်မြို့တွင် နေထိုင်လျက်ရှိသည်။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံ အပတ်စဉ်(၂ဝ)ဆင်းဖြစ်သည်။
ဆောင်ရွက်ခဲ့သောအဖွဲ့အစည်းနှင့် လူမှုရေးလုပ်ငန်းများ
***************************************************
အမကပါဖကျေးရွာ၊ ကျိုင်းလွန်းကျေးရွာအုပ်စု၊ အလက ကာလိရွာ၊ ကွန်ဟိန်းမြို့နယ်၊ အလက မိုင်းနောင်မြို့တို့တွင် ဆရာအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ လူမှုရေးဆောင်ရွက်ချက်များအနေ ဖြင့် အရန်မီးသတ်တပ်ဖွဲ့(တပ်စုမှူး)၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှု(ဥက္ကဋ္ဌ)၊ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ကျောင်းအကျိုးတော်ဆောင်၊ ဆေးရုံကြီးကြပ်ရေး အကျိုးတော်ဆောင်၊ မေတ္တာ ကွန်ရက်ငွေစု ငွေချေးအသင်း(ဥက္ကဋ္ဌ)တို့ဖြစ်ပြီး မိုင်းနောင်မြို့၏ ဘာသာရေး၊ လူမှုရေးလုပ်ငန်း တို့တွင် စဉ်ဆက်မပြတ်ပါဝင်ဆောင်ရွက်လျက်ရှိသည်။
အမှန်တကယ်ပြောင်းလဲဖို့ ပြည်ခိုင်ဖြိုးကိုမဲပေးစို့။

Union daily