သာကေတမြို့နယ်ပါတီ လူငယ်ထုတွေ့ဆုံပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်ထု တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပခဲ့သည်။

 


အခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ် ကော်မတီဝင်များ၊ ရပ်ကွက်စည်းရုံးရေးမှူးများနှင့် လူငယ်ကော်မတီဝင်များ စုစုပေါင်းအင်အား ၆ဝ တက်ရောက်ကြပြီး တက်ရောက်လာသော လူငယ် များက ပါတီ၏ လုပ်ငန်းစဉ်ငါးခုကို တင်ပြဆွေးနွေး ကြပြီး တင်ပြဆွေးနွေးချက်များအား မြို့နယ်ကော် မတီဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

WT