ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ကော့မှူးမြို့နယ်ရှိရပ်မိရပ်ဖပြည်သူများတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်အတွင်းရှိ ရပ်မိရပ်ဖပြည်သူများ တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၄ဝ က ကော့မှူးမြို့နယ် ကိုးတောင်ကျေးရွာ၌ ပြုလုပ်ခဲ့သည်။



တွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ဗဟိုအလုပ်မှု ဆောင် ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာပွင့်ဆန်း၊ ပါတီဗဟိုကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖပြည်သူ ၅ဝဝ ခန့် တက်ရောက်ခဲ့သည်။


တွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပါတီ၏ ရပ်တည်ချက်၊ ရည်ရွယ်ချက်နှင့် ၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲအပေါ် အမြင်သဘောထားများကို ရှင်းလင်းပြောကြား ခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌက ရှင်းလင်းပြောကြားရာတွင်-


* ကော့မှူးဒေသသည် မြန်မာတို့၏ ယဉ်ကျေးမှု ယုံကြည်ကိုးကွယ်မှု စတင်ရာ ဒေသဖြစ်သည့်အတွက် အစဉ်အလာကြီးမားသောဒေသ ဖြစ်ကြောင်း။
* ဒေသခံမိဘပြည်သူများအနေဖြင့် မိမိတို့၏ လက်ရှိဘဝအခြေအနေ ထက် ပိုမိုကောင်းမွန်သော အနာဂတ်ဘဝကိုလိုချင်ခဲ့သည့်အတွက် အပြောင်းအလဲကို မျှော်လင့်အားကိုးခဲ့ကြောင်း။
* မိမိတို့လိုချင်သော ဘဝအခြေ အနေရရှိပြီလား ဆိုသည်ကို သုံးသပ်သင့်ပြီဖြစ်ကြောင်း။
* လာမည့် ဧပြီ ၁ ရက်တွင် အမှားအမှန် ပြင်ဆင်ခွင့်ရ မည့်အခြေအနေ ထပ်မံရရှိ မည်ဖြစ်ပြီး ပါတီ၏နောက်ခံ မူဝါဒများနှင့် ကိုယ်စားလှယ် အရည်အချင်းကို သေချာ စဉ်းစားရွေးချယ်ပေးရန်ဖြစ် ကြောင်း။
* မိမိတို့ အစိုးရလက်ထက်တွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခက်အခဲအကျပ် အတည်း အနှောင့်အယှက် များကြားမှာ ယနေ့ကဲ့သို့ ဖွံ့ဖြိုးတိုးတက်အောင်အတွေ့ အကြုံကိုအခြေခံပြီး ကြိုးစား ဆောင်ရွက်ခဲ့ရကြောင်း။
* ယနေ့တိုးတက်ပြီလား၊ ဆုတ် ယုတ်သွားသလား ဆိုတာကို မိမိတို့ကိုယ်တိုင် သုံးသပ် စဉ်းစားရန်ဖြစ်ကြောင်း။
* ဒေသကိုယ်စားလှယ်လောင်း အားမဲပေးခြင်းမဟုတ်ဘဲ မိမိ တို့၏အမျိုးသားရေးတိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး ရွေးချယ်မဲပေး ကြရမည်ဖြစ်ကြောင်း။
* အခြေခံဥပဒေအား ခေတ် ကာလအခြေအနေအရလိုအပ် လျှင် ပြင်ဆင်သွားရမည်ဖြစ် ကြောင်း။
* လူတစ်ဦး တစ်ယောက် အတွက် ပြင်ဆင်ခြင်းမဟုတ် ဘဲ ၁၃၅ မျိုးသော တိုင်းရင်း သားများ၏ အကျိုးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီပြင် ဆင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကြားဖြတ်ရွေး ကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသ ကြီး တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့ နယ်မှဝင်ရောက်ယှဉ်ပြိုင်မည့် ပြည် ခိုင်ဖြိုးပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဦးကျော်ဇင် ဟိန်းကလည်း ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရခြင်း၏ ရည် ရွယ်ချက်နှင့် သဘောထားကိုရှင်း လင်းပြောကြားခဲ့သည်။ ထို့နောက် တွေ့ဆုံပွဲကို မွန်းလွဲ ၂ နာရီခန့်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။
မင်းဟိန်း