ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦး​အောင်​ကြည်​သိန်း မဲဆန္ဒရှင်​ပြည်​သူများအား စည်းရုံးမဲဆွယ်

၂၀၁၇ခုနှစ်​ ဧပြီလ(၁)ရက်​​နေ့တွင်​ ပြုလုပ်​မည့်​ကြားဖြတ်​​ရွေး​ကောက်​ပွဲ တွင်​ ပြည်​ခိုင်​ဖြိုးပါတီမှ ဝင်​​ရောက်​ယှဉ်​ပြိုင်​မည့်​ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​အောင်​ကြည်​သိန်းသည်​ ​ဖေ​ဖော်​ဝါရီလ(၂၆)ရက်​​နေ့တွင်​ ​ချောင်းဆုံ မြို့နယ်​ ကမာ​ကေး​ကျေးရွာ ​တော်​ကပူး​ကျေးရွာအုပ်​စုနှင့်​ ဖံဖ​ကျေးရွာများရှိ မဲဆန္ဒရှင်​များအား စည်းရုံးမဲဆွယ်​ခဲ့သည်​။

အဆိုပါ မဲဆွယ်​စည်းရုံးရာ​နေသို့ တက်​​ရောက်​လာ​သော မဲဆန္ဒရှင်​များအား ကိုယ်​စားလှယ်​​လောင်းကိုယ်​တိုင်​ ပန်းဖလက်​များ ​ဝေဌခဲ့ပြီး​နောက်​ ကိုယ်​စားလှယ်​​လောင်းမှ မိမိကိုယ်​ကိုမိတ်​ဆက်​ခြင်းနှင့်​ မိမိမှ ကိုယ်​စားလှယ်​အဖြင့်​ ​ရွေးချယ်​ခံ ယှဉ်​ပြိုင်​ရခြင်းမှာ မိမိဇာတိ၊ မိမိ​မွေးရပ်​​မြေဖြစ်​​သော ဘီးလူးကျွန်း၊​ချောင်းဆုံ​ဒေသကို အမှန်​တကယ်​ ဖွံ့ဖြိုးတိုးတက်​​အောင်​ လုပ်​​ဆောင်​​ပေးသွားရန်​နှင့်​ လူငယ်​၊လူရွယ်​များ အလုပ်​အကိုင်​အခွင့်​အလမ်းများ ရရှိလာ​အောင်​ ကြိုးစား​ဆောင်​ရွက်​​ပေးလို၍ ယ္ခုလို ယှဉ်​ပြိုင်​ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မိမိတို့​ဒေသသည်​ လယ်​ယာလုပ်​ငန်းကိုအများစု လုပ်​ကိုင်​သဖြင့်​ လယ်​ယာ ကဏ္ဍကို ဖွံ့ဖြိုးတိုးတက်​​အောင်​ မိမိတွင်​ရှိ​သော လုပ်​ငန်းအ​တွေ့ အကြုံများဖြင့်​ ​ဆောင်​ရွက်​​ပေးရန်​နှင့်​ တိုင်းရင်းသားများ စာ​ပေ၊ ယဉ်​​ကျေးမှု၊ အနုပညာများကို အား​ပေးကူညီ​ ဆောင်​ရွက်​သွားမည်​ ဖြစ်​​ကြောင်းစသည်​တို့ဖြင့်​ မဲဆန္ဒရှင်​များအား စည်းရုံးမဲဆွယ်​ခဲ့သည်​။

မဲဆန္ဒရှင်​ပြည်​သူများမှလည်း မိမိ​ဒေသအတွက်​ အမှန်​တကယ်​ အကျိုးပြု​နေသူ အား မဲ​ပေး​ရွေးချယ်​သွားမည်​ဖြစ်​​ကြောင်း သိရှိရသည်​။

#naylinnhtun