မန်ချက်စတာမှာရှိတဲ့ နေအိမ်ကို အရှုံးခံပြီးရောင်းချတော့မယ့် ရော်နယ်ဒို

ဂျုဗင်​တက်​စ်​အသင်း တိုက်​စစ်​မှူး ​ရော်​နယ်​ဒို ဟာ မန်​ယူအသင်းမှာကစားခဲ့စဉ်​တုန်းက ​နေထိုင်​ခဲ့တဲ့ မန်​ချက်​စတာ က ​နေအိမ်​ကို အပြီးတိုင်​​ရောင်းချ​တော့မယ်​လို့ သိရပါတယ်။ ​ရော်​နယ်​ဒို ဟာ အဲ့ဒီအိမ်​ကို ​ပေါင်​ ၃.၈၅ သန်းနဲ့ ၂၀၀၆ ခုနှစ်​က ၀ယ်​ယူထားခဲ့တာဖြစ်​ပြီး အခုအခါမှာ​တော့ ​ပေါင်​ ၃.၂၅ သန်းရပါ က ​ရောင်းချသွားမယ်​လို့ သူ့ရဲ့အကျိုး​ဆောင်​​တွေကတစ်​ဆင့်​ ကြားသိရပါတယ်​။

မန်​ချက်​စတာမြို့ချက်​စ်​ရှိုင်းယား​ကောင်​တီမှာ တည်​ရှိတဲ့ အဲ့ဒီအိမ်​ဟာ အထပ်​သုံးထပ်​နဲ့ခမ်းနားစွာ တည်​​ဆောက်​ထားပြီး အိမ်​အတွင်းထဲမှာ ကိုယ်​ပိုင်​ရုပ်​ရှင်​ရုံအ​သေးစား ၊ အားကစား​လေ့ကျင့်​ရုံ ၊ ​ရေကူးကန်​ နဲ့ ​ရေပန်းနဲ့​ရေ​နွေး​ငွေ့​ပေးတဲ့ ​ရေချိုးကန်​တို့ ပါဝင်​တယ်​လို့သိရပါတယ်​။ အိမ်​အသုံးအ​ဆောင်​ပစ္စည်းအ​ကြောင်း​တွေ​ရေးတဲ့ Rightmove ၀က်​ဘ်​ဆိုဒ်​ က ” ရင်​သပ်​ရှု​မောဖွယ်​​ကောင်း​အောင်​လှတဲ့ အဲ့ဒီအိမ်​ကြီးကို အလွန်​လှပတဲ့ ရှုခင်း​တွေနဲ့ ပြည့်​​နေတဲ့ အဓိကအချက်​အချာ​နေရာမှာ တည်​​ဆောက်​ထားပါတယ်​ ၊ Alderly Edge Village centre အနားမှာ တည်​ရှိပြီး သင့်​အ​နေနဲ့ ​ဈေးဝယ်​စရာ​နေရာ​တွေ ၊ စား​သောက်​ဆိုင်​​တွေ ၊ အရက်​ဘား​တွေကို လွယ်​ကူစွာရှာ​ဖွေ​တွေ့ရှိနိုင်​ပါတယ်​ ” လို့ ​ရော်​နယ်​ဒို ရဲ့ ​​နေအိမ်​နဲ့ပက်​သက်​ပြီး မှတ်​ချက်​​ပေးထားခဲ့ပါတယ်​။

အခုလက်​ရှိအချိန်​မှာ​တော့ အဲ့ဒီအိမ်​ကြီးကို မန်​ယူ​အသင်း​နောက်​ခံလူ လုခ်​​ရှော က တစ်​လလျှင်​ ​ပေါင်​ ၇,၀၀၀ နဲ့ ဌားရမ်းကာ ​နေထိုင်​လျက်​ရှိတယ်​လို့ သိရပါတယ်​။ ​ရော်​နယ်​ဒို ဟာ ၂၀၀၉ ခုနှစ်​ ရီးရဲယ်​အသင်းကို ​ပြောင်း​ရွှေ့ကစားတဲ့ အချိန်​တုန်းကလည်း အဲ့ဒီ​နေအိမ်​ကို ​ရောင်းချဖို့ကြိုးစားခဲ့ဖူးပြီး အခုတစ်​ခါ ထပ်​မံ​ရောင်းချဖို့ စီစဉ်​​နေတဲ့အတွက်​ မန်​ချက်​စတာမြို့အ​ပေါ်မှာထားတဲ့ သူ့ရဲ့ သံ​ယောဇဉ်​​တွေ ကုန်​သွားတာဖြစ်​မယ်​လို့ မီဒီယာ​တွေက သုံးသပ်​​နေကြပါတယ်။

90Minutes