နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအိုလံပစ် ဆုတံဆိပ်ကို ဖိလစ်ပိုင်ဆွတ်ခူး

Hidilyn Diaz, of the Philipines, competes in the women's 53kg weightlifting competition at the 2016 Summer Olympics in Rio de Janeiro, Brazil, Sunday, Aug. 7, 2016. Diaz won the silver medal. (AP Photo/Mike Groll)

 ၂၀၁၆ အိုလံပစ်အားက စားပြိုင်ပွဲ အမျိုးသမီးအလေးမ ပြိုင်ပွဲတွင် ဖိလစ်ပိုင်နိုင်ငံသူ ဟီဒီလင်ဒိုက်ဇ်က ငွေတံဆိပ်ဆု ရရှိခဲ့ ပြီး ယင်းမှာ နှစ်ပေါင်း (၂၀) အတွင်း ဖိလစ်ပိုင်နိုင်ငံအတွက် ပထမဆုံး အိုလံပစ် ဆုတံဆိပ်ဖြစ်သည်။

အရပ် ၁ ဒသမ ၅၄ မီတာ မြင့်သော ဒိုက်ဇ်သည် ၂၀၀၈ နှင့်၂၀၁၂ အိုလံပစ်ပွဲများတွင် ဆုမရဖြစ်ခဲ့ပြီးနောက် ယခုပြိုင်ပွဲတွင်လည်း ဆုတံဆိပ်ရနိုင်ခြေမရှိဟု ဖိလစ်ပိုင်အားကစားလေ့လာသူများက မျှော်လင့်ထားကြသည်။

သို့သော် ၅၃ ကီလိုတန်း အမျိုးသမီးအလေးမပြိုင်ပွဲတွင် ဒိုက်ဇ်က နိုင်ငံအတွက် ငွေတံဆိပ် ဆုရယူပေးနိုင်ခဲ့သည်။

ဖိလစ်ပိုင်ဥပဒေအရ မစ္စစ် ဒိုက်ဇ်သည် အိုလံပစ်ငွေတံဆိပ် ဆုရယူပေးနိုင်ခြင်းကြောင့် ဆုငွေကန်ဒေါ်လာ ၁၀၇,၀၀၀ ရရှိမည် ဖြစ်သည်။

၅၃ ကီလိုတန်းအမျိုးသမီး အလေးမပြိုင်ပွဲ ရွှေတံဆိပ်ဆုကို တရုတ်နိုင်ငံမှ ဟူရှုချင်းက ၂၁၂ ကီလိုဖြင့် ရရှိခဲ့ပြီး ဖိလစ်ပိုင်မှ ဒိုက်စ်က ၂၀၀ ကီလိုဖြင့် ငွေတံဆိပ်ဆု ရကာ တောင်ကိုရီးယားမှ ယွန်ဂျီးဟီက ၁၉၉ ကီလိုဖြင့် ကြေးတံဆိပ်ဆု ရရှိခဲ့သည်။

—Ref:AFP


Leave a Reply