ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီး 7 နှစ်အကြာမှာ ချန်ပီယံရှစ်ဆီ တန်းဆင်းသွားရတဲ့ လက်စတာ

လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီး ၇ နှစ်အကြာမှာ ချန်ပီယံရှစ်ဆီကို တန်းဆင်းသွားခဲ့ရပါတယ်။
မနေ့ညက ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာ လက်စတာအသင်းက ဝက်စ်ဟမ်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမဲ့ တဖက်ပွဲစဉ်မှာ အဲဗာတန်အသင်းက ဘုန်းမောက်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့လို့ လက်စတာအသင်း တန်းဆင်းသွားခဲ့ရတာပါ။
၂၀၁၅-၂၀၁၆ ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ လက်စတာအသင်းဟာ နောက်တစ်နှစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲကွာတားဖိုင်နယ်အထိ တက်လှမ်းခဲ့ဖူးပါတယ်။
အင်္ဂလန်မီဒီယာတချို့ကတော့ လက်စတာအသင်းတန်းဆင်းသွားခဲ့ရတဲ့အပေါ် ချန်ပီယံလိဂ်ကနေ ချန်ပီယံရှစ်သို့ ဆိုပြီး ရေးသားခဲ့ကြပါတယ်။
လက်စတာအသင်းနဲ့အတူ လိဒ်ယူနိုက်တက်နဲ့ ဆောက်သမ်တန်အသင်းတို့လည်း တန်းဆင်းသွားခဲ့ရပါတယ်။ ဘန်လေ၊ ရှက်ဖီးယူနိုက်တက်နဲ့ လူတန်တောင်းအသင်းတွေကတော့ ချန်ပီယံရှစ်ကနေ တန်းတက်ခွင့် ရရှိခဲ့ကြပါတယ်။