မန်ချက်စတာမှာရှိတဲ့ နေအိမ်ကို အရှုံးခံပြီးရောင်းချတော့မယ့် ရော်နယ်ဒို
ဂျုဗင်တက်စ်အသင်း တိုက်စစ်မှူး ရော်နယ်ဒို ဟာ မန်ယူအသင်းမှာကစားခဲ့စဉ်တုန်းက နေထိုင်ခဲ့တဲ့ မန်ချက်စတာ က နေအိမ်ကို အပြီးတိုင်ရောင်းချတော့မယ်လို့ သိရပါတယ်။ ရော်နယ်ဒို ဟာ အဲ့ဒီအိမ်ကို ပေါင် ၃.၈၅ သန်းနဲ့ ၂၀၀၆ ခုနှစ်က ၀ယ်ယူထားခဲ့တာဖြစ်ပြီး အခုအခါမှာတော့ ပေါင် ၃.၂၅ သန်းရပါ က ရောင်းချသွားမယ်လို့ သူ့ရဲ့အကျိုးဆောင်တွေကတစ်ဆင့် ကြားသိရပါတယ်။
မန်ချက်စတာမြို့ချက်စ်ရှိုင်းယားကောင်တီမှာ တည်ရှိတဲ့ အဲ့ဒီအိမ်ဟာ အထပ်သုံးထပ်နဲ့ခမ်းနားစွာ တည်ဆောက်ထားပြီး အိမ်အတွင်းထဲမှာ ကိုယ်ပိုင်ရုပ်ရှင်ရုံအသေးစား ၊ အားကစားလေ့ကျင့်ရုံ ၊ ရေကူးကန် နဲ့ ရေပန်းနဲ့ရေနွေးငွေ့ပေးတဲ့ ရေချိုးကန်တို့ ပါဝင်တယ်လို့သိရပါတယ်။ အိမ်အသုံးအဆောင်ပစ္စည်းအကြောင်းတွေရေးတဲ့ Rightmove ၀က်ဘ်ဆိုဒ် က ” ရင်သပ်ရှုမောဖွယ်ကောင်းအောင်လှတဲ့ အဲ့ဒီအိမ်ကြီးကို အလွန်လှပတဲ့ ရှုခင်းတွေနဲ့ ပြည့်နေတဲ့ အဓိကအချက်အချာနေရာမှာ တည်ဆောက်ထားပါတယ် ၊ Alderly Edge Village centre အနားမှာ တည်ရှိပြီး သင့်အနေနဲ့ ဈေးဝယ်စရာနေရာတွေ ၊ စားသောက်ဆိုင်တွေ ၊ အရက်ဘားတွေကို လွယ်ကူစွာရှာဖွေတွေ့ရှိနိုင်ပါတယ် ” လို့ ရော်နယ်ဒို ရဲ့ နေအိမ်နဲ့ပက်သက်ပြီး မှတ်ချက်ပေးထားခဲ့ပါတယ်။
အခုလက်ရှိအချိန်မှာတော့ အဲ့ဒီအိမ်ကြီးကို မန်ယူအသင်းနောက်ခံလူ လုခ်ရှော က တစ်လလျှင် ပေါင် ၇,၀၀၀ နဲ့ ဌားရမ်းကာ နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။ ရော်နယ်ဒို ဟာ ၂၀၀၉ ခုနှစ် ရီးရဲယ်အသင်းကို ပြောင်းရွှေ့ကစားတဲ့ အချိန်တုန်းကလည်း အဲ့ဒီနေအိမ်ကို ရောင်းချဖို့ကြိုးစားခဲ့ဖူးပြီး အခုတစ်ခါ ထပ်မံရောင်းချဖို့ စီစဉ်နေတဲ့အတွက် မန်ချက်စတာမြို့အပေါ်မှာထားတဲ့ သူ့ရဲ့ သံယောဇဉ်တွေ ကုန်သွားတာဖြစ်မယ်လို့ မီဒီယာတွေက သုံးသပ်နေကြပါတယ်။
90Minutes