မိတ္ထီလာမြို့နယ်၊ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးအောင်ကျော်မိုး တက်ရောက်

(၁၀-၁-၂၀၂၃)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် မိတ္ထီလာမြို့နယ်၊ကန်တောင်ကျေးရွာအုပ်စု၊ ကန်တောင် ကျေးရွာ၊ ကန်တောင်အရှေ့ဘုန်းတော်ကြီးကျောင်း၊ အောင်မြင့်မိုရ်ဓမ္မာရုံတွင်တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်ပါတီ ကော်မတီဝင်များ နှင့်ဒေသခံပြည်သူများတွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်း ဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်၊ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးတင့်လွင်ဦး ၊ဦးရွှေနန်း၊ မိတ္ထီလာခရိုင်ဘဏ္ဍာရေးမှုး ဒေါ်သီတာဝင်းကို၊မိတ္ထီလာမြို့နယ်ဥက္ကဌ ဦးမြင့်ဆန်း၊ အတွင်းရေးမှုးဒေါ်မြမြဝင်းနှင့်ကော်မတီဝင်များ ၊ရပ်/ကျေး ပါတီဥက္ကဌနှင့်ကော်မတီဝင်များ၊ပါတီဝင်များ၊ပါတီဝန်းရံသူများ၊ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်ပါတီကော်မတီဝင်များကတစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး ပါတီဗဟိုအလုပ် အမှုဆောင်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက လက်ရှိနိူင်ငံတော်တွင်ဖြစ်ပေါ်နေသော နိူင်ငံရေး အခြေအနေများ၊လာမည့်ရွေးကောက်ပွဲတွင်ကျင့်သုံးမည့် PR စနစ်အကြောင်းအားလည်းကောင်း၊တိုင်းဒေသကြီးပါတီ အတွင်းရေးမှုး ဦးညွန့်ဆောင်က အမျိုးဘာသာ သာသနာထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေးနှင့် ပြည်သူလူထုအားစည်းရုံးရေးလုပ်ငန်းစဉ်များအားလည်းကောင်း ရှင်းလင်းဆွေးနွေး ခဲ့ကြပါသည်။ ၎င်းနောက်တက်ရောက်လာသည့် ဒေသခံများကဒေသအခြေအနေများအားတင်ပြခဲ့ကြပြီး တွေ့ဆုံပွဲ အပြီးတွင် တက်ရောက်လာကြသူများအား ပြည်ခိုင်ဖြိုးပါတီ ဗဟိုဌာနချုပ်မှ ထုတ်ဝေသော ၂၀၂၃ ခုနှစ်၊ပြက္ခဒိန် များကို မေတ္တာလက်ဆောင်ပေးဝေခဲ့ပါသည်။ တွေ့ဆုံပွဲအပြီးတွင် တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်ပါတီကော်မတီဝင် များက ကန်တောင် အရှေ့ကျောင်းတိုက်၊ တိုက်အုပ်ဆရာတော်ဘဒ္ဒန္တပညောဘာသအား သွားရောက်ဖူးမျှော် ကန်တော့ပြီး သင်္ကန်းနှင့်နဝကမ္မအလှူငွေ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။