တန့်ယန်းတပ်နယ်ကုသိုလ်ဖြစ်ဆေးခန်းသို့ အလှူငွေသွားရောက်လှူဒါန်း

ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီမှ မြို့နယ်အတွင်းရေးမှူး ဦးကျော်လှိုင် ခေါင်းဆောင်သော ပါတီဝင်များသည် ရှမ်းပြည်နယ် မြောက်ပိုင်း၊စစ်ဗျူဟာ(အခြေချ)တန့်ယန်း တပ်နယ်ကုသိုလ်ဖြစ်အခမဲ့ ဆေးကုသခန်းသို့ (၂၀၂၂)ခုနှစ်၊နိုဝင်ဘာလနှင့်ဒီဇင်ဘာလများအတွက် လှူဒါန်းငွေကို ယနေ့(၂၀၂၃)ခုနှစ်၊ ဇန်ဝါရီလ(၁၀)ရက်နေ့တွင်သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ရာ စစ်ဗျူဟာ(အခြေချ) တန့်ယန်း တပ်နယ် ကုသိုလ်ဖြစ်ဆေးခန်းမှ တာဝန်ရှိသူက လက်ခံရယူခဲ့ကြောင်း သိရပါသည်။