မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာကော်မတီအခြေခံစက်ချုပ်သင်တန်းဆင်း

 

မိုးကောင်း ဇူလိုင် ၃ဝ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုး သမီးရေးရာကော်မတီက ကြီးမှူး ဖွင့်လှစ်ခဲ့သည့် အခြေခံစက်ချုပ် သင်တန်း အမှတ်စဉ်(၂/၂ဝ၁၈) ဆင်းပွဲကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲက မြို့နယ်ပါတီရုံး၌ကျင်းပ ရာ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်နှင့် မြို့နယ် ပါတီကော်မတီဝင် အမျိုးသမီး ရေးရာကော်မတီ တွဲဖက်တာဝန်ခံ ဒေါ်လီလီဆွေတို့က အမှာစကား များ ပြောကြားကြသည်။

ထို့နောက် ခရိုင်ပါတီကော်မ တီဝင်ဦးတင်ဌေး၊မြို့နယ်ပါတီကော် မတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် သင်တန်းနည်းပြဆရာမဒေါ်ခင်သဲစု တို့က သင်တန်းသူတစ်ဦးချင်းတို့ အား သင်တန်းဆင်းလက်မှတ်များ ကိုလည်းကောင်း၊ ခရိုင်ပါတီကော် မတီဝင်၊ မြို့နယ်ပါတီကိုယ်စား မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌနှင့် သင်တန်းသူများက သင်တန်း နည်းပြဆရာမများအား ဂုဏ်ပြု လက်ဆောင်ပစ္စည်းများ ပေးအပ်ကြ ပြီး သင်တန်းသူတစ်ဦးက ကျေးဇူး တင်စကားပြန်လည်ပြောကြားသည်။

သင်တန်းသို့ သင်တန်းသူ ၄၁ ဦးတက်ရောက်ပြီး သင်တန်းကာ လမှာ တစ်လကြာမြင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်က”အဆင့် မြင့်စက်ချုပ်သင်တန်းကိုလည်း အောက်တိုဘာလဝန်းကျင်လောက်မှာ ဆက်လက်ဖွင့်လှစ်ပေးဖို့ စီစဉ် လျက်ရှိပါတယ်”ဟု ပြောကြား သည်။

ဝင်းအောင်(မိုးကောင်း)