ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် ရေစိုကျေးရွာအမျိုးသမီးရေးရာကော်မတီအဖွဲ့ဝင်တို့အား အလှူငွေပေးအပ်

 

ရန်ကုန် ဇူလိုင် ၃ဝ

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယနေ့နံနက် ၉ နာရီခွဲတွင် ရေစိုကျေးရွာအမျိုးသမီးရေးရာကော်မတီအဖွဲ့ဝင်များဖြစ်သော ဒေါ်တင် တင်ညို၊ ဒေါ်ရင်ရင်နုတို့ထံ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်က အလှူငွေကျပ်တစ်သိန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။