စတုတ္ထသုံးလပတ်အစည်းအဝေး ဒုတိယနေ့ အဖြစ်ဆက်လက်ပြုလုပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ၂၀၂၂ ခုနှစ်၊ စတုတ္ထ(၃)လပါတ်အစည်းအဝေးဒုတိယနေ့ကို ၂၀၂၃ ခုနှစ်၊ဇန္နဝါရီလ(၁၀)ရက်နေ့နံနက် (၉) နာရီတွင် ကျင်းပခဲ့ရာ၊  ကိုယ်ပိုင်ဒေသအုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့်မြို့နယ် များမှ ပါတီတာဝန်ရှိသူများမှအစီ ရင်ခံစာတင်သွင်းခြင်းနှင့်ရွေးကောက်ပွဲအောင်နိုင်ရေး သုံးသပ်ဆွေးနွေးခြင်း၊  ပြည်နယ် ကော်မတီဝင်များမှစည်းကမ်းထိမ်းသိမ်းရေး၊လုပ်ငန်းစိစစ်ရေး၊မီဒီယာ၊ လူငယ်၊အမျိုးသမီး၊တောင်သူ လယ်သမားရေး ၊စည်းရုံးရေးနှင့်ဘဏ္ဍာရေးကဏ္ဍများအလိုက် ဆွေးနွေးခြင်း၊ ပြည်နယ်ဥက္ကဋ္ဌမှ သုံးသပ်ဆွေးနွေးခြင်း နှင့် အစည်းဝေးဆုံးဖြတ်ချက်များကို ချမှတ်ပြီး အစည်းအဝေးအား အောင်မြင်စွာရုတ် သိမ်းခဲ့ ပါသည်။