ညောင်ဦးခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ပညာရေးစုံညီပွဲတော် တက်ရောက်

၁၀-၁-၂၀၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ညောင်ဦးမြို့နယ်၊ပုဂံအထကကျောင်းခန်းမ၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ် ပညာရေးသုံညီပွဲတော် ကျင်းပခဲ့ရာညောင်ဦးခရိုင်ပြည်ခိုင်ဖြိုးပါတီ၊ ခရိုင်ကော်မတီဝင်ဦးမြတ်မင်း၊ ညောင်ဦးမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးအောင်ဌေးနှင့်ကော်မတီဝင်များတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင်မြို့နယ်ပါတီဥက္ကဌဦးအောင်ဌေးက ပုဂံအထကကျောင်းအတွက် ကျောင်းသုံဗလာစာအုပ် ၅ ဒါဇင်ပေးအပ်လှူဒါန်း ခဲ့ပြီး ထူးချွန်ဆုရ ကျောင်းသား/သူ များအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။