
တန့်ယန်း အောက်တိုဘာ ၃

=================

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပေါင်းစပ်ညှိနှိုင်းရေးမှူး၊ဗဟိုအလုပ်အမှုဆောင် ဦးအောင်သူနှင့်တန့်ယန်းခရိုင်/မြို့နယ်ပါတီတာဝန်ရှိသူများတွေ့ဆုံ

တန့်ယန်း အောက်တိုဘာ ၃
၃. ၁၀. ၂၀၂၃ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင်တန့်ယန်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအစည်းအဝေးခန်းမတွင်၊ရှမ်းပြည်နယ်(မြောက်ပိုင်း)ပြည်ခိုင်ဖြိုးပါတီ၊ပေါင်းစပ်ညှိနှိုင်းရေးမှူး၊ဗဟိုအလုပ်အမှုဆောင် ဦးအောင်သူနှင့်တန့်ယန်းခရိုင်/မြို့နယ်ပါတီတာဝန်ရှိသူများတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲသို့ တန့်ယန်းခရိုင်၊တန့်ယန်းမြို့နယ်ပြည့်ခိုင်ဖြိုးပါတီ၊ပြည်နယ်ပါတီကော်မတီဝင်ဦးစိုင်းဆန်စိန်၊ခရိုင်ပါတီကော်မတီဝင်များနှင့်တန့်ယန်းမြို့နယ်ပါတီဥက္ကဋ္ဌဒေါ်နန်းခမ်း ခေါင်၊မြို့နယ်ပါတီအတွင်းရေးမှူးဦးကျော်လှိုင်၊မြိုနယ်ပါတီကော်မတီဝင်များအားလုံး(၃၇)ဦး၊နှင့်မိုင်းရယ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ၊ကော်မတီဝင်(၇)ဦး၊စုစုပေါင်း(၄၀)ဦးတက်ရောက်ခဲ့ပါသည်။