၂၀၂၃ – ၂၀၂၄ ဘ႑ာႏွစ္တြင္ အိႏၵိယနိုင္ငံ၏ စီးပြားေရး ၆ ဒသမ ၃ ရာခိုင္ႏႈန္းျမင့္တက္လာမည္ဟု ကမၻာ့ဘဏ္ေျပာၾကား

ေအာက္တိုဘာ ၄

အိႏၵိယနိုင္ငံ၏ စီးပြားေရးသည္ ယခုဘ႑ာႏွစ္အတြင္း ၆ ဒသမ ၃ ရာခိုင္ႏႈန္းျမင့္တက္လာမည္ဟု ေမၽွာ္လင့္ထားေၾကာင္း ကမၻာ့ဘဏ္က ယမန္ေန႔က ေျပာၾကားသည္။

အိႏၵိယနိုင္ငံ၏ စီးပြားေရးႏွင့္စပ္လ်ဥ္း၍ ကမၻာ့ဘဏ္၏ ႏွစ္လယ္အစီရင္ခံစာအရ ကမၻာလုံးဆိုင္ရာ စိန္ေခၚမႈမ်ားႏွင့္ သိသိသာသာရင္ဆိုင္ေနရေသာ္လည္း တိုးတက္မႈရွိေနဆဲျဖစ္ေၾကာင္းႏွင့္ ၂၀၂၂-၂၀၂၃ ဘ႑ာႏွစ္အတြင္းက အိႏၵိနိုင္ငံ၏ စီးပြားေရးသည္ ၇ ဒသမ ၂ ရာခိုင္ႏႈန္းရွိျခင္းေၾကာင့္ စီးပြားေရးဖြံ့ၿဖိဳးတိုးတက္မႈ အလ်င္ျမန္ဆုံးနိုင္ငံမ်ားထဲတြင္ တစ္နိုင္ငံအပါအဝင္ျဖစ္ခဲ့ေၾကာင္းသိရသည္။

အိႏၵိယနိုင္ငံ၏ စီးပြားေရး ဖြံ့ၿဖိဳးတိုးတက္မႈသည္ ဂ်ီ-၂၀ နိုင္ငံမ်ားထဲတြင္ ဖြံ့ၿဖိဳးတိုးတက္မႈဒုတိယအမ်ားဆုံးနိုင္ငံ ျဖစ္ေၾကာင္း သိရသည္။ အိႏၵိယနိုင္ငံ၌ ဇူလိုင္ လအတြင္းက ဂ်ဳံႏွင့္ ဆန္ကဲ့သို႔ေသာ စားေသာက္ကုန္မ်ား ေဈးႏႈန္းျမင့္တက္ခဲ့ျခင္းေၾကာင့္ ေငြေၾကးေဖာင္း ပြမႈ ၇ ဒသမ ၈ ရာခိုင္ႏႈန္းအထိ ျမင့္တက္မႈရွိခဲ့ေၾကာင္း သိရသည္။

သို႔ရာတြင္ စားနပ္ရိကၡာေဈးႏႈန္းမ်ား ပုံမွန္ျပန္ျဖစ္လာၿပီး အစိုးရက အဓိက ကုန္ပစၥည္းမ်ား ေထာက္ ပံ့မႈတိုးျမႇင့္လာျခင္းေၾကာင့္ ေငြေၾကး ေဖာင္းပြမႈႏႈန္း သည္လည္း တျဖည္းျဖည္း ေလ်ာ့ က်လာမည္ဟု ေမၽွာ္လင့္ရေၾကာင္း ကမၻာ့ဘဏ္က ေျပာၾကားသည္။

=====================

၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံ၏ စီးပွားရေး ၆ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်လာမည်ဟု ကမ္ဘာ့ဘဏ်ပြောကြား

အောက်တိုဘာ ၄

အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် ယခုဘဏ္ဍာနှစ်အတွင်း ၆ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်လာမည်ဟု မျှော်လင့်ထားကြောင်း ကမ္ဘာ့ဘဏ်က ယမန်နေ့က ပြောကြားသည်။

အိန္ဒိယနိုင်ငံ၏ စီးပွားရေးနှင့်စပ်လျဉ်း၍ ကမ္ဘာ့ဘဏ်၏ နှစ်လယ်အစီရင်ခံစာအရ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့် သိသိသာသာရင်ဆိုင်နေရသော်လည်း တိုးတက်မှုရှိနေဆဲဖြစ်ကြောင်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းက အိန္ဒိနိုင်ငံ၏ စီးပွားရေးသည် ၇ ဒသမ ၂ ရာခိုင်နှုန်းရှိခြင်းကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလျင်မြန်ဆုံးနိုင်ငံများထဲတွင် တစ်နိုင်ငံအပါအဝင်ဖြစ်ခဲ့ကြောင်းသိရသည်။

အိန္ဒိယနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ဂျီ-၂၀ နိုင်ငံများထဲတွင် ဖွံ့ဖြိုးတိုးတက်မှုဒုတိယအများဆုံးနိုင်ငံ ဖြစ်ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ၌ ဇူလိုင် လအတွင်းက ဂျုံနှင့် ဆန်ကဲ့သို့သော စားသောက်ကုန်များ ဈေးနှုန်းမြင့်တက်ခဲ့ခြင်းကြောင့် ငွေကြေးဖောင်း ပွမှု ၇ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်မှုရှိခဲ့ကြောင်း သိရသည်။

သို့ရာတွင် စားနပ်ရိက္ခာဈေးနှုန်းများ ပုံမှန်ပြန်ဖြစ်လာပြီး အစိုးရက အဓိက ကုန်ပစ္စည်းများ ထောက် ပံ့မှုတိုးမြှင့်လာခြင်းကြောင့် ငွေကြေး ဖောင်းပွမှုနှုန်း သည်လည်း တဖြည်းဖြည်း လျော့ ကျလာမည်ဟု မျှော်လင့်ရကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားသည်။