ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ၊ အလုပ္သမားေရးရာတာဝန္ခံ ဗဟိုအလုပ္အမႈေဆာင္ ရန္ကုန္တိုင္းေပါင္းစပ္ညႇိႏွိုင္းေရးမႉး ဦးေမာင္ျမင့္ တြံေတးခရိုင္ပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ

ရန္ကုန္ ေအာက္တိုဘာ ၃
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ၏ အလုပ္သမားေရးရာတာဝန္ခံ ပါတီဗဟိုအလုပ္အမႈေဆာင္ ရန္ကုန္တိုင္းေပါင္းစပ္ညႇိႏွိုင္းေရးမႉး ဦးေမာင္ျမင့္သည္ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလ ၃ ရက္ ယေန႔ နံနက္ (၀၈း၃၀) နာရီက ရန္ကုန္တိုင္းေဒသႀကီး၊ ေကာ့မႉးၿမိဳ႕နယ္ တြံေတးခရိုင္ပါတီ႐ုံး အစည္းအေဝးခန္းမ၌ တြံေတးခရိုင္အတြင္းရွိ တြံေတးခရိုင္ဥကၠဌႏွင့္ ခရိုင္ေကာ္မတီဝင္မ်ား၊ ၿမိဳ႕နယ္ပါတီဥကၠဌမ်ားႏွင့္ ၿမိဳ႕နယ္ပါတီေကာ္မတီဝင္မ်ားအား ေတြ႕ဆုံခဲ့ပါသည္။
အစီအစဥ္မ်ားအရ ပါတီဗဟိုအလုပ္အမႈေဆာင္ ဦးေမာင္ျမင့္မွ ႏႈတ္ခြန္းဆက္အမွာစကားေျပာၾကားခဲ့ရာတြင္ ေရြးေကာက္ပြဲဆိုင္ရာအေတြ႕အၾကဳံ မ်ား၊ ေဆာင္ရြက္ေနေသာနိုင္ငံေရးလုပ္ငန္းစဥ္မ်ား၊ အလုပ္သမားေရးရာက႑ ကိစၥရပ္မ်ား၊ ျပည့္မ႑ိဳင္စီမံခ်က္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္နိုင္ေရးကိစၥရပ္မ်ား၊ ေရွ႕ဆက္ေဆာင္ရြက္မည့္လုပ္ငန္းစဥ္မ်ား၊ မိမိတို႔ပါတီဝင္မ်ားႏွင့္ ပါတီဝင္မိသားစုမ်ား၏ အလုပ္အကိုင္ရရွိေစေရး စီမံေဆာင္ရြက္ေနမႈအေျခအေနမ်ား၊ ပါတီမွ အမ်ိဳးသားအက်ိဳးစီးပြားအား ေရွးရႈ႔ပါေၾကာင္း၊ လာမည့္ေရြးေကာက္ပြဲ အနိုင္ရရွိရန္ လိုအပ္ပါေၾကာင္း၊ မိမိတို႔ပါတီဝင္မ်ားအေနနဲ႔ ပါတီ ေအာင္နိုင္ေရး ႀကိဳးစားၾကရန္ အထူးလိုအပ္ပါေၾကာင္း စသည္ျဖင့္ လမ္းညႊန္အမွာစကားေျပာၾကားခဲ့ပါသည္။
ထို႔ေနာက္ တြံေတးခရိုင္ပါတီဥကၠ႒ဦးေက်ာ္ဇင္ဟိန္းမွ ခရိုင္ပါတီ ဖြဲ႕စည္းထားရွိမႈ အေျခအေနမ်ား၊ ရက္ (၉၀) စီမံခ်က္၊ ျပည့္မ႑ိဳင္လႈပ္ရွား ေဆာင္ရြက္ထားရွိမႈ၊ ခရိုင္အတြင္းရွိ ၿမိဳ႕နယ္ပါတီမ်ားသို႔ နယ္ေျမကြင္းဆင္းလႈပ္ရွားစည္း႐ုံးထားရွိမႈ အေျခအေနမ်ားအား တင္ျပခဲ့ပါသည္။
ထို႔ေနာက္ တြံေတးခရိုင္အတြင္းရွိ ေကာ့မႉးၿမိဳ႕နယ္၊ ကြမ္းၿခံကုန္းၿမိဳ႕နယ္၊ တြံေတးၿမိဳ႕နယ္၊ ဒလၿမိဳ႕နယ္၊ ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္မ်ားမွ ပါတီဥကၠဌမ်ားမွ ၿမိဳ႕နယ္ ရပ္ေက်းပါတီေကာ္မတီဝင္မ်ား ဖြဲ႕စည္းထားရွိမႈအေျခအေနမ်ားႏွင့္ ေျမျပင္လႈပ္ရွားေဆာင္ရြက္ေနမႈတို႔အား အသီးသီးတင္ျပခဲ့ၾကပါသည္။
ၿမိဳ႕နယ္မ်ား၏ တင္ျပခ်က္မ်ားအေပၚ ပါတီ၏ဗဟိုအလုပ္အမႈေဆာင္ ဦးေမာင္ျမင့္မွ လုပ္ငန္းလမ္းညြန္ျခင္း ေပါင္းစပ္ညႇိႏွိုင္းျခင္း ေဆြးေႏြးအႀကံျပဳျခင္းမ်ားအား ေဆာင္ရြက္ခဲ့ၿပီး အခမ္းအနားကို နံနက္ (၁၁း၀၀)နာရီ၌ ေအာင္ျမင္စြာ ႐ုပ္သိမ္းခဲ့သည္။
အဆိုပါေတြ႕ဆုံပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ၊ အလုပ္သမားေရးရာတာဝန္ခံ ဗဟိုအလုပ္အမႈေဆာင္ ရန္ကုန္တိုင္းေပါင္းစပ္ညႇိႏွိုင္းေရးမႉး ဦးေမာင္ျမင့္၊ ရန္ကုန္တိုင္းေဒသႀကီး တိုင္းအတြင္းေရးမႉး ဦးေအာင္ေက်ာ္မင္းႏွင့္ တိုင္းေကာ္မတီဝင္မ်ား၊ တြံေတးခရိုင္ပါတီဥကၠဌ ဦးေက်ာ္ဇင္ဟိန္းႏွင့္ ခရိုင္ေကာ္မတီဝင္မ်ား၊ ခရိုင္အတြင္းရွိ ၿမိဳ႕နယ္(၅) ၿမိဳ႕နယ္မွ ၿမိဳ႕နယ္ပါတီဥကၠဌမ်ားႏွင့္ ၿမိဳ႕နယ္ေကာ္မတီဝင္မ်ား စုစုေပါင္း (၇၂) ဦးတက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

=======================

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အလုပ်သမားရေးရာတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းပေါင်းစပ်ညှိနှိုင်းရေးမှူး ဦးမောင်မြင့် တွံတေးခရိုင်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

ရန်ကုန် အောက်တိုဘာ ၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ အလုပ်သမားရေးရာတာဝန်ခံ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းပေါင်းစပ်ညှိနှိုင်းရေးမှူး ဦးမောင်မြင့်သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃ ရက် ယနေ့ နံနက် (၀၈း၃၀) နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် တွံတေးခရိုင်ပါတီရုံး အစည်းအဝေးခန်းမ၌ တွံတေးခရိုင်အတွင်းရှိ တွံတေးခရိုင်ဥက္ကဌနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌများနှင့် မြို့နယ်ပါတီကော်မတီဝင်များအား တွေ့ဆုံခဲ့ပါသည်။
အစီအစဥ်များအရ ပါတီဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်မှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ရာတွင် ရွေးကောက်ပွဲဆိုင်ရာအတွေ့အကြုံ များ၊ ဆောင်ရွက်နေသောနိုင်ငံရေးလုပ်ငန်းစဥ်များ၊ အလုပ်သမားရေးရာကဏ္ဍ ကိစ္စရပ်များ၊ ပြည့်မဏ္ဍိုင်စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဥ်များ၊ မိမိတို့ပါတီဝင်များနှင့် ပါတီဝင်မိသားစုများ၏ အလုပ်အကိုင်ရရှိစေရေး စီမံဆောင်ရွက်နေမှုအခြေအနေများ၊ ပါတီမှ အမျိုးသားအကျိုးစီးပွားအား ရှေးရှု့ပါကြောင်း၊ လာမည့်ရွေးကောက်ပွဲ အနိုင်ရရှိရန် လိုအပ်ပါကြောင်း၊ မိမိတို့ပါတီဝင်များအနေနဲ့ ပါတီ အောင်နိုင်ရေး ကြိုးစားကြရန် အထူးလိုအပ်ပါကြောင်း စသည်ဖြင့် လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် တွံတေးခရိုင်ပါတီဥက္ကဋ္ဌဦးကျော်ဇင်ဟိန်းမှ ခရိုင်ပါတီ ဖွဲ့စည်းထားရှိမှု အခြေအနေများ၊ ရက် (၉၀) စီမံချက်၊ ပြည့်မဏ္ဍိုင်လှုပ်ရှား ဆောင်ရွက်ထားရှိမှု၊ ခရိုင်အတွင်းရှိ မြို့နယ်ပါတီများသို့ နယ်မြေကွင်းဆင်းလှုပ်ရှားစည်းရုံးထားရှိမှု အခြေအနေများအား တင်ပြခဲ့ပါသည်။
ထို့နောက် တွံတေးခရိုင်အတွင်းရှိ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ တွံတေးမြို့နယ်၊ ဒလမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်များမှ ပါတီဥက္ကဌများမှ မြို့နယ် ရပ်ကျေးပါတီကော်မတီဝင်များ ဖွဲ့စည်းထားရှိမှုအခြေအနေများနှင့် မြေပြင်လှုပ်ရှားဆောင်ရွက်နေမှုတို့အား အသီးသီးတင်ပြခဲ့ကြပါသည်။
မြို့နယ်များ၏ တင်ပြချက်များအပေါ် ပါတီ၏ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်မှ လုပ်ငန်းလမ်းညွန်ခြင်း ပေါင်းစပ်ညှိနှိုင်းခြင်း ဆွေးနွေးအကြံပြုခြင်းများအား ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို နံနက် (၁၁း၀၀)နာရီ၌ အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အလုပ်သမားရေးရာတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းပေါင်းစပ်ညှိနှိုင်းရေးမှူး ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းအတွင်းရေးမှူး ဦးအောင်ကျော်မင်းနှင့် တိုင်းကော်မတီဝင်များ၊ တွံတေးခရိုင်ပါတီဥက္ကဌ ဦးကျော်ဇင်ဟိန်းနှင့် ခရိုင်ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်(၅) မြို့နယ်မှ မြို့နယ်ပါတီဥက္ကဌများနှင့် မြို့နယ်ကော်မတီဝင်များ စုစုပေါင်း (၇၂) ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။