မက်မန်းမြို့နယ်ပါတီဝင်များအား တွေ့ ဆုံဆွေးနွေးခြင်းနှင့် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း

မက်မန်း စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အဆင့်ဆင့်သော ပါတီဝင်များနှင့် တွေ့ဆုံ ပွဲအခမ်းအနားကို ယနေ့(၂၂/၉/၂၀၂၂) မနက်(၁၁)နာရီအချိန်တွင် မက် မန်းမြို့နယ်၊ ကျိုင်းတောင်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုင်းထွန်းစိန်၊ အရန်ဗဟိုပါတီ ကော်မတီဝင် ဒေါ်နန်းဝိုးစိန်၊ ခရိုင်ပါတီကော်မတီဝင် ဦးစိုင်းမုန့်ခမ်း၊ မိုင်းပျဉ်းမြို့နယ်ပါတီဥက္ကဌ ဦးစိုင်းလောင်း၊ မက်မန်းမြို့နယ် ပါတီဥက္ကဌ ဦးစိုင်းအိုက်သိန်း နှင့်ပါတီဝင်အင်အား(၆၅)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပါတီပြန်လည်ဖွဲ့စည်းပုံ၊ အချိုးကျရွေးကောက်ပွဲစနစ်၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေး ညှိနိူင်းခဲ့ ကြပါသည်။ ဆက်လက်၍ ကျိုင်းတောင်းကျေးရွာအမျိုးသမီးပါတီဝင်ထုများအတွက် အမှတ်တရ ရှမ်းလုံချည်များ ပေးအပ်ပြီး အခမ်းအနားကို မွန်းလွဲ(၁:၀၀)တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။