ပြည်နယ်အဆင့် ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး အစည်းအဝေး ကျင်းပ
ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ပြည်နယ်အဆင့် ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးအစည်းအဝေးကို (၃၁-၈-၂၀၁၇)ရက်နေ့ နံနက် (၉)နာရီအချိန်တွင် ပြည်နယ်ပါတီရုံးအစည်းအဝေး ခန်းမကြီးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ပါတီဗဟိုအတိုင်ပင်ခံ ဦးသိန်းဇော်၊ ပါတီအလုပ်အမှုဆောင် ဒေါက်တာ ဦးအောင်မြတ်ဦး (ပြည်နယ်တာဝန်ခံ ) တို့က အမှာ စကား အသီးသီးပြောကြားခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် ကချင်ပြည်နယ်ပါတီဥက္ကဌ ဦးရားဝမ်ဂျူံက ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ကို ဖတ်ကြားကာ အစည်းအဝေး ပထမပိုင်းအစီအစဉ်များ ခေတ္တရပ် နားခဲ့ ပါသည်။
ထိုနောက် ပြည်နယ်ပါတီ ကော်မတီဝင်များအစုအဖွဲ့၊ ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များအစုအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့များ က ပြည်နယ်ကော်မတီဝင်အသစ်များအား သတ်မှတ်စည်းမျဉ်းစည်းကမ်း များနှင့်အညီ ရွေးချယ်ကြပါသည်။
ဆက်လက်၍ ပြည်နယ်ပါတီအစည်းအဝေးက အတည်ပြုရွေးချယ်ခဲ့ကြကြောင်း၊ ထိုနောက် ကော်မတီဝင်အသစ်များက ကတိသစ္စာခံယူပြီး သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို နံနက်(၁၁) နာရီအချိန်ခန့်တွင် ကြွေးကြော်သံဖြင့် ရုပ်သိမ်းခဲ့ပါသည်။
USDP Kachin State