ဒက္ခိဏသိရီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်အသစ်လဲလှယ်

 

နေပြည်တော် မတ် ၈

နေပြည်တော် ပြည်ထောင်စု နယ်မြေ ဒက္ခိဏသီရိမြို့နယ် ပါတီ ဆိုင်းဘုတ်အသစ်လဲလှယ်စိုက်ထူ ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပါတီရုံးတွင်ပြု လုပ်ခဲ့ရာ ပြည်ထောင်စုနယ်မြေ နာယက ဦးခင်မောင်ဌေး၊ ဦးမှတ် ကြီးနှင့် ပြည်ထောင်စုနယ်မြေ ကော်မတီဝင်များ၊ နယ်မြေတာဝန် ခံ ဒေါ်ရီရီဝင်း၊ ခရိုင်ကော်မတီဝင် ဦးခင်မောင်ထွန်း၊မြို့နယ်ဥက္ကဋ္ဌနှင့် ကော်မတီဝင်များအပါအဝင်ရပ်ကွက် ကျေးရွာခေါင်းဆောင်များ စုံလင် စွာတက်ရောက်ခဲ့ကြသည်။

ဆိုင်းဘုတ်အသစ်စိုက်ထူခြင်း အခမ်းအနားအပြီး၌ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာအဆင့် အစည်း အဝေးဆက်လက်ပြုလုပ်ခဲ့ရာအစည်း အဝေး၌ ရပ်ကွက် ကျေးရွာများရှိ ပါတီစည်းရုံးရေးလုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေများကို သက် ဆိုင်ရာ ရပ်ကျေးဥက္ကဋ္ဌများက ရပ်ကွက် ကျေးရွာ တစ်ခုချင်းစီ၌ ဆောင်ရွက်နေမှုများအား တင်ပြ ခဲ့ကြောင်း သိရသည်။

ကိုကိုလွင်