ကာ့မှူးပြည်ခိုင်ဖြိုးပါတီရပ် /ကျေးကော်မတီများနှင့် ပုံမှန်လပတ်အစည်းအဝေးပြုလုပ်

ရက်​စွဲ ။ ၂၀၁၉ခုနှစ်​ ၊ မတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ပိုင်းခရိုင် ၊ ကော့မှူးမြို့ နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးကော်မတီများနှင့်ပုံမှန်လပတ်အစည်းအဝေးကို မတ် ၂၈ ရက်နေ့ နံနက် ၁၁နာရီအချိန်ခန့် က ၊မြို့ နယ်ပါတီရုံးခန်းမ၌
ပြုလုပ်ခဲ့သည်။

ထိုတွေ့ ဆုံပွဲသို့ ရန်ကုန်တောင်ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးလွင်ဦးမှတက်ရောက်ကာ ၊ရပ်/ကျေးကော်မတီများစုံလင်စွာတက်ရောက်လာကြသည့်အတွက်မိမိအနေဖြင့်အထူးပင်ဝမ်းမြောက် ကြောင်းနှုတ်ခွန်းဆက်စကားပြောကြားကာပါတီ၏မူဝါဒများ ၊ ရှေ့ လုပ်ငန်းစဉ်များအားရှင်းလင်းပြောကြားပေးခဲ့သည်။

ဆက်လက်၍ကော့မှူးမြို့ နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးဝင်းထွန်းနိုင်(ခ)ဦးရွှေဘော်မှပါတီစည်းရုံးရေးလုပ်ငန်းစဉ်များ ၊ လက်ရှိဖြစ်ပေါ်နေသည့်နိုင်ငံရေးအခြေအနေများ အားရှင်းလင်းပြောကြားလျက်
မိမိရပ်ရွာဒေသမှာဆောင်ရွက်သင့်သည့်ဖွံ့ ဖြိုးရေးကိစ္စ ၊ လူမှုရေးကိစ္စ ၊ အများအကျိုးပြုလုပ်ငန်းကိစ္စများပြုလုပ်ဆောင်လျက်ပါတီအကျိုး ၊ ဒေသအကျိုး ၊ မြို့ နယ်အကျိုးပြုလုပ်ငန်းများယခုထက်ပိုမိုကာဆောင်ရွက်​ပေးကြရန် ၊ စစ်မှန်သည့်ပါတီအင်အားမှန်ကန်မှုဖြစ်စေရန်၊ မြို့နယ်​ပါတီတွင်​ နာယက(၁၅)ဦး​ကော်​မတီ(၁၅)ဦး၊ မြို့နယ်​အရံ​ကော်​မတီ (၁၅)ဦး ဖြင့်​ဖွဲ့စည်းထားပြီး​ဆောင်​ရွှက်​လျက်​ရှိ​ကြောင်း ၊အမျိုးသမီးကဏ္ဌမြင့်​တင်​နိုင်​ရန်​ရည်​ရွယ်​လျက်​ဖွံဖြိုးတိုးတက်​​ရေးလုပ်​ငန်းများဦး​ဆောင်​​ ၊ ဆောင်​ရွှက်​နိုင်​မှုအတွက်​နိုင်​ငံ​ရေးစီမံခန့်​ခွဲမှုသင်​တန်းကို၊
သင်​တန်းသူ(၇၅)ဦးဖြင့်​(၄)လပိုင်း (ဧပယ်လ)တွင်​ဖွင့်​လှစ်​သွားမည်​ဖြစ်​​ကြောင်း ၊သင်​တန်းကာလမှာ(၃)ရက်​ကြာမြင့်မည်​ဖြစ်​​ကြောင်းပြောကြားကာ ၊ မြို့ နယ်ကော်မတီများမှသက်ဆိုင်ရာ ရေးရာလုပ်ငန်းအလိုက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုရှင်းလင်း​ပြောကြားခဲ့ပြီး၊တက်​​ရောက်လာသူများမှအပြန်​လည်​​နွေးကာ ၊အစည်းအ​ဝေးကို​​နေ့လည်​ ၁နာရီအချိန်​တွင်​ပြီးဆုံးခဲ့သည်။

အဆိုပါလပတ်ပုံမှန်အစည်းအဝေးသို့ မြို့နယ်အတွင်းရှိရပ်ကွက်နှင့်ကျေးရွာအသီးသီးတို့ မှပါတီကော်မတီဝင်များ ၊ တောင်ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ၊ မြို့ နယ်ကော်မတီများ ၊မြို့ နယ်ပါတီနာယကများစုပေါင်းအင်အား(၁၅၀)ခန့် တက်ရောက်ကြောင်းသိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)