ရီးရဲလ်နောက်ခံလူ ရာမို့စ် အညစ်ပတ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်

ရီးရဲလ်မက်ဒရစ် နောက်ခံလူ ရာမို့စ် ဟာ ပီအက်စ်ဂျီနဲ့ ပွဲမှာ အဝါကတ်ပြသခံရတာကြောင့် ချန်ပီယံလိဂ် သမိုင်းတလျှောက် အညစ်ပတ်ဆုံး ကစာသမားအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းမှာ မန်ယူအသင်း ကွင်းလယ်ကစားသမား ပေါလ်စခိုးက အဝါကတ် ၃၆ ကတ်နဲ့ အညစ်ပတ်ဆုံး ကစားသမားအဖြစ် ရာမို့စ်နဲ့ ပူးတွဲ သတ်မှတ်ခံထားခဲ့ရာမှ ရာမို့စ်က အဝါကတ် ၃၇ ကတ်နဲ့ အညစ်ပတ်ဆုံး ကစားသမားအဖြစ် တဦးတည်း မှတ်တမ်းဝင်သွားတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရာမို့စ်အနေနဲ့ ပြသခံရတဲ့ အဝါကတ် ၃၇ ကတ်ထဲမှာ ၃ ကတ်က အနီကတ် ပြသခံခဲ့ရတာ ဖြစ်ပါတယ်။         

-Ref; Sky sports