ဟင်္သာတမြို့ အမှတ်(၅၇ဝ)မြို့မယာဉ်အဖွဲ့ အစည်းနှစ်ပတ်လည်နှင့် အသင်းဝင်သားသမီးများအား ပညာရေး အထောက်အပံ့ပစ္စည်းများပေးအပ်ပွဲသို့ ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးတက်ရောက်

64874802-06082016

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ယခုလ ၁ရက် ညနေ ၄နာရီတွင် ဟင်္သာတ ခရိုင် စက္ခုပါလာဒိဖောင်ဒေးရှင်းဒုတိယ ဥက္ကဋ္ဌဦးသန်းထွန်း၊ဟင်္သာတခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးညွန့်လှိုင်နှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ နှင့်အလုပ် အမှုဆောင်များနှင့်အတူဟင်္သာတမြို့ တာငါးဆယ်တောင်ရပ်ကွက် စနေပါတ်သံဃဒါနဆွမ်းလောင်း အသင်းဓမ္မာရုံ၌ ပြုလုပ်သော အမှတ် (၅၇ဝ)မြို့မယာဉ်အဖွဲ့အစည်း အသင်းသားများ နှစ်ပတ်လည် တွေ့ဆုံပွဲနှင့် အသင်းဝင်သားသမီး များအား ပညာရေးအထောက်အပံ့ ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနား သို့တက်ရောက်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးကအမှာစကားပြောကြား ရာတွင် မိမိအား ယခုလို အမှတ် တရဖိတ်ကြားသည့်အတွက် အထူး ကျေးဇူးတင်ရှိကြောင်း၊မိမိတို့အနေ ဖြင့်တစ်ဦးနှင့်တစ်ဦးစွမ်းရည်မတူ ကြကြောင်း၊ အနှေးယာဉ်အသင်းသားများ ဆောင်ရွက်နိုင်သည်ကို မိမိမဆောင်ရွက်နိုင်ကြောင်း၊ မိမိ ဆောင်ရွက်နိုင် သည်များကိုအနှေး ယာဉ်အသင်းသားများ မဆောင် ရွက်နိုင်ကြောင်း၊အားလုံးပူးပေါင်း လုပ်ဆောင်လျှင် ပိုမိုအောင်မြင် မည်ဖြစ်ကြောင်း၊ အမှတ်(၅၇ဝ) မြို့မအနှေးယာဉ် အသင်းအဖွဲ့ အစည်း၏လုပ်ဆောင်မှုများ၌လူမှု ရေး၊ သာရေး၊ နာရေး၊ ပညာရေး များပါဝင်ကြောင်း၊ ကောင်းသော လုပ်ဆောင်မှုများဖြစ်၍ မိမိဝမ်း မြောက်မိကြောင်း၊ ယခု ကဲ့သို့အောင်  မြင်စွာလုပ်ဆောင်နိုင်ခြင်းသည် အမှုဆောင်အဖွဲ့၏ကြိုးစားအားထုတ်မှု၊ အသင်းဝင်များ၏စုစည်း ညီညွတ်မှု၊ ပူးပေါင်း ဆောင်ရွက်မှု များကြောင့်ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် မတည်ရန်ပုံငွေ စတင် တည်ထောင် ပေးသော်လည်း အမှုဆောင်အဖွဲ့၏စီမံခန့်ခွဲမှုမကောင်း လျှင် မအောင်မြင် နိုင်ကြောင်း၊ ရရှိလာမည့်အကျိုးအမြတ်မှ အသင်းဝင်များ အကျိုးရှိ သည့်လုပ်ငန်းများတွင် သုံးစွဲကြသည့်အတွက် မိမိအနေဖြင့် ဝိုင်းဝန်းကူညီဖြစ်ခဲ့ ကြောင်း၊အသင်းဝင်မိသားစု၂ဝဝ ရှိသည်ဟုသိရကြောင်း၊ မိသားစု ဝင်များ၏ကျောင်းသားအားလုံးကို ထောက်ပံ့ နိုင်ခြင်း မရှိသော်လည်း တတ်နိုင်သရွေ့ ထောက်ပံ့ ပေးသည် ဟုသိရှိရကြောင်း၊ မိသားစုတစ်စုလျှင် ဗလာစာအုပ် ၁၈ အုပ်နှင့် ကွန်ပါဘူးတစ်ဘူးထောက်ပံ့ပေး ရန်စီစဉ်ထားသည်ဟု အမှုဆောင် အဖွဲ့၏ ပြောကြား ချက်အရ သိရှိရကြောင်း၊ မိမိ မိသားစုအနေဖြင့် အသင်းဝင် မိသားစုများ၏ ပညာရေးထောက်ပံ့မှုများတွင် ကျောင်းဝတ်စုံတစ်စုံ စီပါဝင်ထောက်ပံ့ပေး ခြင်းဖြစ်ကြောင်း၊ အမှုဆောင် အဖွဲ့ ၏စီမံခန့်ခွဲမှုကို မိမိအနေဖြင့် ထပ်ဖြည့်ပေးခြင်းသာဖြစ်ကြောင်း၊အမှု ဆောင်အဖွဲ့၏ စေတနာ ကြိုးစား အားထုတ်မှုကို အသင်းသားများ ကနားလည်ပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက် ကြစေလိုကြောင်း၊ အသင်းသားများအနေဖြင့် ကိုယ်တိုင်ပြည့်စုံအောင် ကိုယ်တိုင် တတ်အောင် လုပ်ပြီး ကိုယ့်ပတ်ဝန်းကျင်အကျိုး ရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ အသင်းသားများအနေဖြင့် မိမိတို့ ဟင်္သာတခရိုင် စက္ခုပါလာဒိ ဖောင်ဒေးရှင်းမှ ဆောင်ရွက်သည့်လုပ်ငန်းများတွင် အားတက်သရော ပါဝင် ဆောင်ရွက်သည်ကိုလည်း တွေ့ရှိရကြောင်း၊ ဟင်္သာတ သားများဖြစ်၍ဟင်္သာတမြို့ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကိုယ်တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်ကြလျှင် ပိုမိုတိုးတက်မည်ဖြစ်ကြောင်း၊ဆက်လက်၍လည်း စည်းလုံး ညီညွတ် စွာဖြင့် ပူးပေါင်းဆောင်ရွက် ကြပါရန်တိုက် တွန်းပြောကြားသည်။

 ဆက်လက်၍ စက္ခုပါလာဒိ ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းထွန်းက အမှာစကားပြောကြားသည်။ ၄င်းနောက် အမှတ် (၅၇ဝ) မြို့မအနှေးယာဉ်အသင်း ဥက္ကဋ္ဌ ဦးမြင့်သိန်းကလုပ်ငန်းဆောင်ရွက် ချက်များကိုရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌဦးဌေးဦး၊ ဟင်္သာတခရိုင် စက္ခုပါလာဒိ ဖောင်ဒေးရှင်းဒုတိယ ဥက္ကဋ္ဌဦးသန်းထွန်း၊ ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးညွန့်လှိုင်၊ ရပ်မိရပ်ဖဦးမင်းစိန်၊ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးညွန့်ဦး၊ ဟင်္သာတ မြို့နယ် အနှေးယာဉ်အသင်းဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် အသင်းတာဝန်ရှိသူ များက အမှတ်(၅၇ဝ)မြို့မအနှေး ယာဉ် အသင်းသားများ၏ သား သမီးများအတွက် ပညာရေးအ ထောက်အပံ့ပစ္စည်းများပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းသား မိဘ များကလက်ခံခဲ့ကြောင်းသိရသည်။


Leave a Reply