ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးမိသားစု ကိုယ်စား ကြံခင်းပြည်ခိုင်ဖြိုးပါတီ ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ ချမ်းသာကြီးစေတီတော် မြောက်ဘက် လိုဏ်မုခ်အတွင်း သီတင်းသုံး ကိန်းဝပ်လျက်ရှိသော ဆင်းတုတော်မြတ်အား ရောင်တော်ဖွင့် ရွှေသင်္ကန်း ဆက်ကပ် လှူဒါန်းရန်အတွက် အလှူငွေကျပ် နှစ်သိန်း ရှစ်သောင်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဇနီး ဒေါ်နီနီဝင်း မိသားစုတို့က လှူဒါန်းခဲ့ကြသည်။

အဆိုပါအလှူငွေများကို ပါတီဒုတိယဥက္ကဋ္ဌ မိသားစုကိုယ်စား ကြံခင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူးနှင့် ပါတီကော်မတီဝင်များက ဂေါပကအဖွဲ့ထံသို့ ပေးအပ်လှူဒါန်းခြင်းကို ယခုလ ၁၈ ရက် မွန်းလွဲပိုင်းက ချမ်းသာကြီးစေတီတော်ရှိ မြချမ်းသာ ဓမ္မာရုံတွင် ပြုလုပ်ခဲ့ရာ ဂေါပကအဖွဲ့က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါရက်က မြချမ်းသာဓမ္မာရုံတွင် ရွတ်ဖတ်ပူဇော် ကျင်းပလျက်ရှိသော ဥပ္ပါတသန္တိ ပရိတ်တော် ရွတ်ဖတ်ပူဇော်ပွဲအား မြို့နယ်ပါတီအတွင်းရေးမှူးနှင့်အဖွဲ့က ကြည်ညိုသဒ္ဓါများ ပွားများခဲ့ကြကြောင်း သိရသည်။


Leave a Reply