ရန်​ကုန်​အ​နောက်​ပိုင်းခရိုင်​ ပြည်​ခိုင်​ဖြိုးပါတီ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု နည်းပြ သင်​တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရန်​ကုန်​အ​နောက်​ပိုင်းခရိုင်​ ပြည်​ခိုင်​ဖြိုးပါတီ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု နည်းပြ သင်​တန်း (၁/၂၀၁၇) သင်​တန်းဆင်းပွဲ အခမ်းအနားကို (၁၂.၁၁.၂၀၁၇)ရက်​​နေ့ ည​နေ (၃း၀၀)နာရီတွင်​ ခရိုင်​ပါတီရုံးတွင်​ ကျင်းပခဲ့ပါသည်​။

အဆိုပါအခမ်းအနားသို့ ဗဟို​ကော်​မတီဝင်​ တိုင်းပါတီ​ကော်​မတီဝင်​ (အနောက်​ပိုင်းခရိုင်​ နယ်​​မြေခွဲတာဝန်​ခံ) ဦးတင်​ဝင်း၊​ ဒေါ်သင်းသင်းမိုး၊ ခရိုင်​ပါတီ​ ဥက္ကဌ၊ ဘဏ္ဏာ​ရေးမှူးနှင့်​ ပါတီ​ကော်​မတီဝင်​များ ၊မြို့နယ်​ပါတီ ဥက္ကဌများ၊ သင်​တန်းသား/သူများ တက်​​ရောက်​ခဲ့ကြပါသည်။

နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု နည်းပြသင်​တန်း (၁/၂၀၁၇) သင်​တန်းဆင်းပွဲ အခမ်း အနားတွင် ဗဟို​ကော်​မတီဝင်​ တိုင်းပါတီ​ကော်​မတီဝင်​ ဦးတင်​ဝင်းမှ သင်​တန်းဆင်းအမှာစကား​ပြောကြားပြီး ၊ ဗဟို​ကော်​မတီဝင်​ တိုင်းပါတီ​ကော်​မတီဝင်​ ​ဒေါ်သင်းသင်းမိုးမှ သင်​တန်းဆင်းလက်​မှတ်​များ ​ပေးအပ်​ခဲ့ ကြောင်းသိရပါသည်​။