ပဲခူးမြို့ အထက (၃) အမျိုးသားတန်းမြင့်ကျောင်း အာစရိယပူဇော်ပွဲ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ တက်ရောက်ပူဇော်

ပဲခူး နိုဝင်ဘာ ၁၃

ပဲခူးမြို့ ဂရင်းဆိုရှယ်ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပသော (၉၇) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့နှင့်အတူ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ယခင်အမျိုးသားတန်းမြင့်ကျောင်း၏ ကျောင်းသားဟောင်းများ အာစရိယပူဇော်ပွဲအခမ်းအနား ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးမြတ်ဟိန်းနှင့် ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းတို့ တက်ရောက်ပြီး ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းက ကန်တော့ခံဆရာကြီး၊ ဆရာမကြီး ၂၆ ဦးအား တစ်ဦးလျှင် အလှူငွေကျပ် တစ်သိန်းနှုန်းဖြင့် ငွေကျပ် ၂၆ သိန်းအား ပေးအပ်လှူဒါန်းကန်တော့ခဲ့ကြောင်း သိရသည်။