ပြည်သူ့ဆက်ဆံရေး အထောက်အကူပြု(ဆင့်ပွား)သင်တန်း ဆင်းပွဲကျင်းပ

တောင်ကြီး မေ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော ပြည်သူ့ဆက်ဆံရေး အထောက်အကူပြု(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁) ဆင်းပွဲအခမ်းအနားကို ယနေ့ညနေ (၄:၀၀)ချိန် ပြည်နယ်ပါတီရုံးသင်တန်းခန်းမတွင် ကျင်းပရာ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ပြည်နယ်ပါတီ ခေတ္တအတွင်းရေးမှူး ဦးစိန်လေးမောင်၊ပြည်နယ်ပါတီကော်မတီဝင် ဒေါ်ခင်ထွေးအောင်၊ပြည်နယ်ပါတီကော်မတီဝင် ဦးစောထွန်းခိုင်၊တောင်ကြီးခရိုင်ပါတီကော်မတီဥက္ကဋ္ဌ ဦးစိုင်းတင်ထွေးနှင့် တောင်ကြီးမြိုနယ်ပါတီ ဥက္ကဋ္ဌ ဦးအောင်သူရရှင်းတို တက်ရောက်ပြီး သင်တန်းဆင်းအမှာစကားကို ပြည်နယ်ပါတီဥက္ကဋ္ဌမှ ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားတစ်ဦးချင်းစီသို ပေးအပ်ပြီး အခမ်းအနားကို ညနေ (၄:၃၀)တွင် ပြီးစီးခဲ့ပါသည်။