ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျင်းပ

 

ပုသိမ်ကြီး မတ် ၃

မန္တလေးတိုင်းဒေသကြီးပုသိမ်ကြီး မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှဆိုင်းဘုတ်တင်ပွဲအခမ်း အနားကို ယမန်နေ့ နံနက်က ဇီးချိုကုန်း ကျေးရွာပါတီဝင် ဦးအုန်းရွှေ၏ နေအိမ် တွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ် ပါတီနာယကဦးအုန်းရွှေ၊ခရိုင်ကော်မတီ ဝင်ဦးထွန်းထွန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆွေသန်း၊အတွင်းရေးမှူးဦးကိုကိုလွင်၊ ဘဏ္ဍာရေးမှူးဦးဝင်းနိုင်နှင့် ကော်မတီ ဝင်များ၊ ကျေးရွာပါတီအမှုဆောင်များ၊ ရပ်မိရပ်ဖများ၊ပါတီဝင်များတက်ရောက် ခဲ့ကြောင်း သိရသည်။

ရိုးဆန်း