နွေရာသီအင်္ဂလိပ်စာ အခြေခံစကားပြော မြန်မာ့သိုင်းနှင့်ကရာတေးဒိုသင်တန်းဆင်းပွဲများကျင်းပ

 

မြစ်ကြီးနား ဧပြီ ၁ဝ

ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့် လှစ်သည့် နွေရာသီအင်္ဂလိပ်စာ (အခြေခံစကားပြော)မြန်မာ့သိုင်း နှင့်ကရာတေးဒိုသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်၈နာရီက မြစ်ကြီးနား မြို့ယုဇနရပ်ကွက်ရှိအဆိုပါပါတီရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ ကချင်ပြည်နယ်ပါတီဝင် မြစ်ကြီး နားမြို့နယ် တာဝန်ခံဦးတင်မောင် ဝင်းက သင်တန်းဆင်းလမ်းညွှန် အမှာစကားပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်ခဲ့သည့် သင်တန်းသူနှစ်ဦးက အင်္ဂလိပ် ဘာသာစကားနှင့် မြန်မာဘာသာ စကားတို့ဖြင့်ကျေးဇူးတင်စကားများ ပြောကြားခဲ့ကာ မြစ်ကြီးနားမြို့နယ် ပါတီဥက္ကဋ္ဌဦးညွန့်ဝင်းကသင်တန်း နည်းပြများအား သင်တန်းဆင်း ဂုဏ်ပြုအမှတ်တရလက်ဆောင်များ ပေးအပ်၍သင်တန်းသားသင်တန်း သူများက အားကစားနည်းအလိုက် သင်ယူနိုင်မှုစွမ်းရည်သရုပ်ပြသကာ မြန်မာ့သိုင်းနည်းပြဆရာကြီး၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ဝင် နည်း ပြဆရာ ဦးချစ်သူက မြန်မာ့ဓား သိုင်းစွမ်းရည်သရုပ်ပြသကစားပြပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါနွေရာသီအင်္ဂလိပ်စာ (အခြေခံစကားပြော)၊မြန်မာ့သိုင်း နှင့် ကရာတေးဒိုသင်တန်းများကို မတ် ၈ရက်မှ စတင်ဖွင့်လှစ်ပြီး အင်္ဂလိပ်စာ(အခြေခံစကားပြော) သင်တန်းတွင် ဆရာရန်နိုင်ဖုန်း မြင့်က တာဝန်ယူကာ စိတ်ပါဝင် စားသူ လူငယ်မောင်မယ် ၂၇ဦး၊ မြန်မာ့သိုင်းသင်တန်းတွင် နည်းပြ ဆရာကြီးဦးချစ်သူနှင့် အကူနည်း ပြများက မြန်မာ့ရိုးရာအခြေခံလက် သိုင်း၊ ဓားသိုင်း၊ တုတ်သိုင်းဘာ သာရပ်များကို လေ့ကျင့်သင်ကြား ပေးခဲ့ရာ လူငယ်မောင်မယ်၂၂ ဦးနှင့် ကရာတေးဒိုသင်တန်းတွင် ဆရာဦးဆန်းမြင့်နိုင်က ကရာတေး ဒိုဘာသာရပ်များအား လေ့ကျင့် သင်ကြားပေးခဲ့ရာလူငယ်မောင်မယ် ၂၂ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုဃ်းကျ(မြစ်ကြီးနား)