ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုး (၅၅)ကြိမ်မြောက် သွေးလှူဒါန်းပွဲကျင်းပ။

ရန်ကုန်၊ ဇန္နဝါရီ၊ ၅၊

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှပြည်သူများ၏ကျန်းမာရေး တဖက်တလမ်းမှ ကူညီစောင့်ရှောက်လျှက်ရှိရာ ဇန္နဝါရီ (၅)ရက်နံနက်(၉:၀၀)နာရီက ရန်ကုန်အမျိုးသားသွေးလှူဘဏ်တွင် (၅၅)ကြိမ်မြောက် သွေးလှူဒါန်းပွဲ ကျင်းပသည်။
အဆိုပါသွေးလှုဒါန်းပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် ရန်ကုန်တိုင်း အတွင်းရေးမှူး ဦးကျော်စိုးနှင့် တိုင်းကော်မတီဝင်များ အနောက်ပိုင်းခရိုင်ဥက္ကဌနှင့် ကော်မတီဝင်များ သွေးအလှူရှင်များ အမျိုးသားသွေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာအောင် စုစုပေါင်းအင်အား (၁၅၀) ကျော်တက်ရော်ခဲ့ကြသည်။
အစီအစဉ်အရ ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ တိုင်းကော်မတီဝင် ဒေါ်သင်းသင်းမိုးမှ အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍အမျိုးသားသွေးလှူဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်သီတာအောင်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် အနောက်ပိုင်းခရိုင်မှ စုပေါင်း သွေးလှုဒါန်းနေသည့်ပါတီဝင် သွေးအလှူရှင်များအား ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်နှင့်အဖွဲ့မှ လှည့်လည်ကြည့်ရှု၍အားပေးစကားပြောကြားခဲ့ကြကြောင်းသိရှိရသည်။