စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဆိုင်းဘုတ်တင်

 

ရန်ကုန် ဇန်နဝါရီ ၆

စဥ့်ကိုင်မြို့နယ် သင်္ဂတုန်ရွာ ကျေးရွာရပ်/ကျေးပါတီဆိုင်းဘုတ် တင်အခမ်းအနားအား ရပ်/ကျေး အဖွဲ့ဝင် ဦးကျော်ညွန့်နေအိမ်၌ ယမန်နေ့နံနက် ၁၁နာရီ ၄၅ မိနစ်တွင် ကျင်းပခဲ့သည်။

ဆိုင်းဘုတ်ဖွင့်ပွဲသို့ ခရိုင်ပြည် ခိုင်ဖြိုးပါတီကော်မတီဝင် ဒေါ်ခင် နွယ်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်ပြုံး၊ အတွင်းရေးမှူး ဦးထွန်းထွန်းနိုင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကျေးပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက် ခဲ့ပြီး လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများအားစကား ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြသည်။