ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဝင်များ တတိယအကြိမ်လုပ်အားပေးဆောင်ရွက်

 

ရန်ကုန် ဇန်နဝါရီ ၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ပါတီ အတွင်းရေးမှူး ဒေါက်တာကျော်စိုး ဦးစီး၍ တိုင်းဒေသကြီးပါတီကော်မတီ ဝင်များ၊ ခရိုင်ပါတီကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ တိုင်းလူငယ်(သီဟ သွေး)အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ခရိုင် လေးခရိုင်မှမြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာ များမှ ပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင် များနှင့် ပါတီဝင်များက စိတ်ကျန်းမာရေး ဆေးရုံ(ရန်ကုန်)၏ မီးသင့်အဆောက် အအုံအပြီးသတ်သန့်ရှင်းရေး လုပ်အားပေး ဆောင်ရွက်ခြင်းအား ယမန်နေ့ နံနက် ၈ နာရီ ခွဲက ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ထောင်တလုတ်ရပ်ကွက်ရှိ အဆိုပါဆေးရုံ တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်း ဒေသကြီးပါတီအတွင်းရေးမှူး ဒေါက်တာ ကျော်စိုး(နယ်မြေတာဝန်ခံ)ဦးစီး၍ တိုင်း ဒေသကြီးပါတီကော်မတီဝင် ဒေါက်တာ နေလင်း၊ ဒေါ်သင်းသင်းမိုး၊ ဒေါ်အေးအေး မြင့်နှင့် ဦးမိုးဝင်းကျော် (လူငယ်ရေးရာ တာဝန်ခံ)၊ ရန်ကုန်(အရှေ့ပိုင်း)ခရိုင် ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ ကော်မတီဝင် ဦးဝဏ္ဏမျိုး(နယ်မြေတာဝန်ခံ)၊ ဦးမျိုးဝင်း ကျော်၊ ဒေါ်ယဉ်ချောလှိုင်(ခရိုင်လူငယ် ရေးရာတာဝန်ခံ)၊တိုင်းလူငယ်(သီဟသွေး) အဖွဲ့ဝင် ပါတီဝင်များ၊ ခရိုင်လေးခရိုင်မှ မြို့နယ်၊ရပ်ကွက်နှင့်ကျေးရွာပါတီကော် မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ပါတီဝင် များကမီးလောင်ပျက်စီးခဲ့သည့် အဆောက် အအုံအတွင်းရှိ အပျက်အစီးများသယ် ထုတ်ခြင်း၊အဆောင်အတွင်းရှိ အခန်းများ အား သန့်ရှင်းရေးပြုလုပ်ခြင်း၊ အခန်းများ အား ရေဆေးသန့်ရှင်းရေးဆောင်ရွက်ခြင်း လုပ်ငန်းများကို မွန်းတည့် ၁၂နာရီအထိ ပါတီဝင်အင်အား ၂၅ဝဖြင့် ဆေးရုံအုပ်ကြီး ဒေါက်တာတင်တင်ဝင်း၊ ဆရာဝန်များ၊ ဝန်ထမ်းများနှင့်အတူဆောင်ရွက်ခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင်များ၏ လုပ်အားပေးဆောင်ရွက် ရာသို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိယ မြို့နယ်တပ်ဖွဲ့မှူး စည်သူဇော် ဦးစီးတပ်ဖွဲ့ ဝင် ၁ဝ ဦးက အရေးပေါ်လူနာတင်ယာဉ် ဖြင့် ပြည်ခိုင်ဖြိုးပါတီဝင်များအား အနီး ကပ် ကျန်းမာရေးစောင့်ရှောက်မှု (Medical Cover) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုမိုး(ဒဂုံအရှေ့)