ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဦးဆောင်ပြီး ဝတ်ရွတ်ပြိုင်ပွဲ ကျင်းပ

 

ပျော်ဘွယ်၊ စက်တင်ဘာ ၂၀

ပျော်ဘွယ်မြို့နယ်မှာ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ပျော်ဘွယ်မြို့နယ် သာသနာနုဂ္ဂဟအသင်းတို့ ပူးပေါင်းပြီး ပထမဆုံးအကြိမ် ဝတ်ရွတ်ပြိုင်ပွဲကို ၂၀-၉-၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

ပျော်ဘွယ်မြို့မှာရှိတဲ့ ရပ်ကွက်ကိုးခုက ဝတ်ရွတ်အသင်း ၁၂ သင်းက ရာပြည့်သာသနာဗိမာန်တော်ကြီးမှာ နံနက် ၈ နာရီက စတင်ပြီး ပြိုင်ပွဲဝင်မှာ ဖြစ်ပါသည်။ အဆိုပါဝတ်ရွတ်ပြိုင်ပွဲကို ပျော်ဘွယ်မြို့နယ် ကျေးရွာအုပ်စု ၈၄ စုမှာရှိတဲ့ ကျေးရွာက ဝတ်ရွတ်အသင်းများ၊ ပျော်ဘွယ်မြို့နယ် ရပ်ကွက် ၁၀ ခုက ဝတ်ရွတ်အသင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက ဝတ်ရွတ် အသင်းများ ဝတ်ရွတ်ပြိုင်ကြမှာ ဖြစ်ပါသည်။ ဝတ်ရွတ်ပြိုင်ပွဲ အား နံနက် ၈ နာရီကနေ ညနေ လေးနာရီအထိ ဝတ်ရွတ်ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။